ပစ်ခတ်မှုရပ်ပေးရေး သီပေါမြို့ခံ ၃၀၀၀ ကျော် လက်မှတ်ရေးထိုးကာ သျှမ်းတပ်ဖွဲ့ခေါင်းဆောင်များထံပေးပို့


ဇန်နဝါရီလ ၂၅ ရက် ၂၀၁၉

ယမန်နှစ်ကတည်းက စစ်ဘေးရှောင်နေခဲ့ရသော သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးလက်ဒေသခံလူထုမှာ နေရပ်ပြန်ကာ အေးချမ်းစွာနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးအတွက် တပ် ၂ ဖက်မှခေါင်းဆောင်များအမြန်ဆုံးတွေ့ဆုံကာအပစ်ရပ်ပေးရန် စာရေးလက်မှတ်ရေးထိုးကာ ပေးပို့ခဲ့ကြောင်းသိရသည်။

သီပေါမြို့နယ် ဆီထောက်အုပ်စုမှ ဒေသခံလူထု ၃၀၅၄ ဦးမှာ ဇန်နဝါရီလ ၂၂ ရက်နေ့က လက်မှတ်ရေးထိုးကာ ကျားခေါင်းပါတီလွှတ်တော်ကိုယ်စားလှယ်ထံ ပေးပို့လိုက်ခြင်းဖြစ်သည်။

“သီပေါမြို့နယ် ကျားခေါင်းပါတီရုံးကိုပေးပို့ထားပါတယ်။ RCSS/SSA နဲ့ SSPP/SSA တပ်တွေရဲ့ ၂ ဖက်ခေါင်းဆောင်တွေကို ဆက်လက်ပို့ဆောင်ပေးဖို့ပါ။ ခေါင်းဆောင်တွေအမြန်ဆုံးတွေ့ဆုံပြီး တိုက်ပွဲတွေရပ်ပေးဖို့တောင်းဆိုထားပါတယ် ”- ဟု ဆီထောက်အုပ်စုမှ ဒေသခံ စိုင်းလူ ကပြောသည်။

လူထု ၃၀၀၀ ကျော်၏ပေးပို့သောစာအား သီပေါမြို့နယ်ကျားခေါင်းပါတီက ဗဟိုရုံးချုပ်အားဆက်လက်ပေးပို့လိုက်ပြီးဖြစ်ကြောင်း သီပေါမြို့ကျားခေါင်းပါတီဝင်တဦးကပြောသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း သီပေါမြို့နယ် နားမခေါ်အုပ်စု ဒေသခံ ၄၆၀၀ ကလည်း အလားတူ ခေါင်းဆောင် ၂ ဦးထံ မေတ္တာရပ်ခံစာရေးသားကာ ပေးပို့ခဲ့ဖူးသည်။
ဆီထောက်အုပ်စုသည် သီပေါမြို့နယ် သီပေါ-နမ့်လန်ကားလမ်းအရှေ့ဘက် ခြမ်းတွင်တည်ရှိပါသည်။

၂၀၁၉ ခုနှစ်ဆန်းပိုင်းမှာပင် ဒေသတွင်းလှုပ်ရှားနေသည့် SSPP/SSA နှင့် RCSS/SSA တို့မပြတ်ပစ်ခတ်မှုကြောင့် ဒေသခံရွာသားများမှာ၅ ကြိမ်ထက်မနည်း စစ်ဘေးရှောင်နေရသဖြင့် လယ်ယာလုပ်ငန်းခွင်ထွက်သီးနှံများ မဆွတ်ခူးနိုင်သေးဘဲ ရှိနေပါသည်။

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
https://www.facebook.com/ShanNewsBurmese/
ပစ်ခတ်မှုရပ်ပေးရေး သီပေါမြို့ခံ ၃၀၀၀ ကျော် လက်မှတ်ရေးထိုးကာ သျှမ်းတပ်ဖွဲ့ခေါင်းဆောင်များထံပေးပို့ ပစ်ခတ်မှုရပ်ပေးရေး သီပေါမြို့ခံ ၃၀၀၀ ကျော် လက်မှတ်ရေးထိုးကာ သျှမ်းတပ်ဖွဲ့ခေါင်းဆောင်များထံပေးပို့ Reviewed by THITHTOOLWIN on 20:42 Rating: 5
Powered by Blogger.