မောင်တောတွင် နွားကျောင်းနေသည့် ရခိုင်တစ်ဦးအား ဘင်္ဂါလီများဓားဖြင့်ဝိုင်းခုတ်၊ ဒဏ်ရာအပြင်းအထန်ရရှိ


ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ အကြမ်းဖက်မှုများဖြစ်ပွာခဲ့သည့် မောင်တောမြို့နယ် မြောက်ပိုင်းဒေသ အောင်သပြေ ကျေးရွာမှ နွားကျောင်းနေသည့် ရခိုင်အမျိုးသားတစ်ဦးအား ဘင်္ဂါလီများဝိုင်းဝန်းခုတ်သတ်မှုတစ်ခု ဇန်နဝါရီ ၉ ရက် ယနေ့ ညနေပိုင်းကဖြစ်ပွားခဲ့သည်။

ဓါးခုတ်ခံရသူ အောင်သပြေကျေးရွာသား ဦးမောင်ပြား ၅၆ နှစ်မှာ ရွာအနီးနွားကျောင်းနေစဉ် ဘင်္ဂါလီ ၃ ဦး ရောက်ရှိလာကာ အသင့်ပါလာသည့်ဓါးများဖြင့် ဝိုင်းဝန်းခုတ်သတ်ကြရာ အဒဏ်ရာအပြင်းအထိန်ရရှိခဲ့ပြီး ထွက်ပြေးလွတ် မြောက်လာခဲ့သည်။

“ဟုတ်ပါတယ်။ ဒီကနေ့ညနေ ၃ နာရီလောက်မှာဖြစ်တာပါ။ အခုတ်ခံရတာက ကျွန်တော်တို့ အောင်သပြေရွာသား ဦးမောင်ပြားဖြစ်ပါတယ်။ သူနွားကျောင်းနေတဲ့အချိန်မှာ ဘင်္ဂါလီတွေရောက်လာပြီးတော့ ဝိုင်းခုတ်တာလို့ပြောပါတယ်။ ရွာနဲ့နှစ်ဖာလုံလောက်အကွာမှာဖြစ်တာပါ”ဟု အောင်သပြေကျေးရွာအုပ်ချုပ်ရေးမှူး ကပြောသည်။

ထို့အပြင် ၎င်းဘင်္ဂါလီများမှာ မည်သူတို့ဖြစ်ကြောင်းမသိရဘဲ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်းနှင့် ယင်းပတ်ဝန်း ကျင်တွင် သွားလာလှုပ်ရှားနေကြသည့် ဘင်္ဂါလီများဖြစ်နိုင်ကြောင်း ကျေးရွာသာများက ခန့်မှန်းပြောကြားသည်။

“ထွက်ပြေးလွတ်မြောက်လာပေမယ့် ဒဏ်ရာတွေရလာတယ်။ ခါးမှတစ်ချက်၊ ဘယ်ခြေသလုံးမှာတစ်ချက်၊ ကြောမှာတစ်ချက်။ ဒဏ်ရာတွေပြင်းထန်တဲ့အတွက် အခုမောင်တောဆေးရုံကိုပို့ထားပါတယ်။”ဟု အုပ်ချုပ်ရေးမှူး ဦးသိန်းချေဦးကပြောသည်။

ယခုကဲ့သို့ဖြစ်စဉ်များမှာ မောင်တောမြို့နယ်အတွင်း မကြာခဏဖြစ်ပွားလေ့ရှိကာ ပြီးခဲ့သည့်လအတွင်းကလည်း မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာနှင့် အထက်ပြူးမကျေးရွာသားများမှာ ငါးရှာနေစဉ် ဘင်္ဂါလီများ၏သတ်ဖြတ်ခြင်းကို ခံလိုက်ကြရပြီး ဒေသခံတိုင်းရင်းသားများမှာ ဘင်္ဂါလီအကြမ်းဖက်များအား စိုးရိမ်ကြောက်လန့်နေကြရသည်။

ညိုမှိုင်း
The Fifth Wave News
https://www.facebook.com/fifthwavenews/
မောင်တောတွင် နွားကျောင်းနေသည့် ရခိုင်တစ်ဦးအား ဘင်္ဂါလီများဓားဖြင့်ဝိုင်းခုတ်၊ ဒဏ်ရာအပြင်းအထန်ရရှိ မောင်တောတွင် နွားကျောင်းနေသည့် ရခိုင်တစ်ဦးအား ဘင်္ဂါလီများဓားဖြင့်ဝိုင်းခုတ်၊ ဒဏ်ရာအပြင်းအထန်ရရှိ Reviewed by THITHTOOLWIN on 08:40 Rating: 5
Powered by Blogger.