ဘိုကလေးတွင် မီးလောင်မှုဖြစ်ပွား နေအိမ်(၃)လုံးဆုံးရှုံး


ဘိုကလေး ဇန်န၀ါရီ ၂၆

ဘိုကလေးမြို့ အမှတ်(၇)ရပ်ကွက် ၊(၁၂)လမ်း ဖြတ်တာထောင့်တွင် ယနေ့နံနက် ၁၁ နာရီခွဲ အချိန် က မီးလောင်ကျွမ်းမှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဘိုကလေးမြို့အမှတ်(၇)ရပ်ကွက်(၁၂)လမ်းနေ ဟိန်းထက်အောင်(ခ) မိုးညှင်းသူ(ခ)ကျန်ကျောင်း အသက် (၁၈) နှစ်သည် နေအိမ်တွင် အဒေါ်ဖြစ်သူအား အရက်ဖိုးတောင်းရာ မပေးသဖြင့် နေအိမ်အား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


မီးလောင်ကျွမ်းသည့်နေရာသို့ မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ် ယာဉ်(၂)စီးဖြင့် ငြိမ်းသတ်ရာတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ပြည်သူလူထုများမှ ၀ိုင်းဝန်းစုပေါင်း မီးငြိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင်မီးထိန်းနိုင်ခဲ့ပြီးမွန်းတည့် ၁၂ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။


မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၃)လုံးမီးလောင်ကျွမ်းခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး(၈၂)သိန်းကျပ်ခန့် ဆုံးရှံးခဲ့ ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၏ပြောကြားချက်အရသိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံဖြစ်သူ ဟိန်းထက်အောင် (ခ) မိုးညှင်းသူ (ခ) ကျန်ကျောင်း
အား ဘိုကလေးမြို့မ ရဲစခန်းမှ ဒုရဲအုပ် ကျော်စိုးမိုးအောင်မှ တရားလို ပြုလုပ်ကာအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ဘိုကလေး (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘိုကလေးတွင် မီးလောင်မှုဖြစ်ပွား နေအိမ်(၃)လုံးဆုံးရှုံး ဘိုကလေးတွင် မီးလောင်မှုဖြစ်ပွား နေအိမ်(၃)လုံးဆုံးရှုံး Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.