တိုက်ပွဲဖြစ်ခဲ့တဲ့ ရသေ့တောင်မှာ ရွှေငွေလက်ဝတ်ရတနာတွေ ပျောက်ဆုံးခဲ့တယ်လို့ တိုင်ကြား

တပ်မတော်နဲ့ အေအေတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာသားများ
ဇန်နဝါရီလ ၂၇ ရက်နေ့က ရသေ့တောင်မြို့နယ်၊ သမီးလှရွာသစ်အနီးမှာ တိုက်ပွဲအပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွာသားတွေကို စာသင်ကျောင်းမှာစုထားပြီး တစ်အိမ်တက်ဆင်း ရှာဖွေမှုတွေ ပြုလုပ်ခဲ့ရာမှာ နေအိမ် ၆၄ အိမ်က ရွှေတွေအပြင် ငွေကြေးတချို့ ပျောက်ဆုံးခဲ့တယ်လို့ အဲ့ဒီကျေးရွာသားတွေက ပြောပါတယ်။

ရွာသားတစ်ဦးဖြစ်တဲ့ ဦးသန်းမောင်ထွန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သူ့အိမ်ပေါ်တက်ရှာစဉ်မှာ ရွှေ ၆ ကျပ်သား နဲ့ ပိုက်ဆံ ၂ သိန်း ပါသွားတယ်လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ကတော့ ဒီကိစ္စကိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အထိ တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ 'ဒီကိစ္စနဲ့ ပတ်သက်ပြီး တိုင်ကြားလာမယ်ဆိုရင်တော့ တပ်မတော် လုပ်ထုံးလုပ်နည်းနဲ့အညီ စီစစ်သွားမယ်' လို့ ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese
တိုက်ပွဲဖြစ်ခဲ့တဲ့ ရသေ့တောင်မှာ ရွှေငွေလက်ဝတ်ရတနာတွေ ပျောက်ဆုံးခဲ့တယ်လို့ တိုင်ကြား တိုက်ပွဲဖြစ်ခဲ့တဲ့ ရသေ့တောင်မှာ ရွှေငွေလက်ဝတ်ရတနာတွေ ပျောက်ဆုံးခဲ့တယ်လို့ တိုင်ကြား Reviewed by THITHTOOLWIN on 13:02 Rating: 5
Powered by Blogger.