ရွှေကျင်​မြို့နယ်​တွင်​ တတိယတန်းကျောင်းသူတစ်ဦးကို ၅၈ နှစ်အရွယ်အမျိုးသားက သားမယားပြုကျင့်​မှုဖြစ်ပွာ


ရွှေကျင်၊ ဇန်နဝါရီ ၂ ။

ပဲခူးတိုင်း​၊ ရွှေကျင်​မြို့နယ်​ ​ကမ်းနီ​ကျေးရွာတွင်​( ၁၁)နှစ်​အရွယ်​သုံးတန်း​ကျောင်းသူ​တစ်ဦးအား
သားမယားအဖြစ်​ပြုကျင့်​သူကို ဇန်​နဝါရီ ၁ရက်​ ည၈နာရီအချိန်​ခန့်​က လာ​ရောက်​အမှုဖွင့်​တိုင်​တန်းခဲ့​ကြောင်းသိရသည်။

ဖြစ်​စဉ်​မှာ ​ရွှေကျင်​မြို့နယ်​ ကမ်းနီ​ကျေးရွာ​​နေ မိခင်​ဖြစ်​သူမှ ၎င်း၏​နေအိမ်​တွင်​ရှိ​နေစဉ်​ ဒီဇင်​ဘာ ၃၁ရက်​၃နာရီအချိန့်​တွင်​ခြံချင်းကပ်​လျှက်​​နေထိုင်​​သော ဦး​အောင်​ထူး(၅၈)နှစ်​မှ​ရောက်​ရှိလာပြီး ငါကပ်​​ကြေး​ပျောက်​လို့ နင့်​သမီးကိုကူပြီးရှာခိုင်းတယ်​ နင့်​သမီးကိုမဆူနဲ့ဟု​ပြောဆိုခဲ့ကြောင်း ည၈နာရီအချိန်​ခန့်​တွင်​သမီးဖြစ်​သူအား​ခေါ်ပြီးဦ​အောင်​ထူးမှကပ်​​ကြေး​ပျောက်​လို့နင့်​ကို​ခေါ်သွား​သေးလားဟု​မေးမြန်းခဲ့ရာသမီးဖြစ်​သူမှဦး​အောင်​ထူး​ခေါ်လို့လိုက်​သွားတယ်​သမီးကိုအိမ်​သာထဲ​ခေါ်သွားခဲ့ပြီးအိမ်​သာထဲတွင်​သားမယားအဖြင့်​(၁)ကြိမ်​ပြုကျင့်​ခဲ့​ကြောင်း​နောက်​ထပ်​မသင်္ကာသဖြင့်​ထပ်​မံ​မေးမြန်းရာ ပြီးခဲ့သည့် လအတွင်းကဦး​အောင်​ထူးမှ၎င်း၏အိမ်​ခန်းတွင်​(၁)ကြိမ်​မီးဖို​ချောင်​ထဲတွင်​(၂)ကြိမ်​ပြုကျင့်​ခဲ့​ကြောင်းသမီးဖြစ်​သူထံမှ​ပြောပြသိရှိခဲ့​ရကြောင်းရဲမှတ်​တမ်းအရသိရသည်​။

သမီးဖြစ်​သူအားသားမယားအဖြစ်​ပြုကျင့်​သူ ​ဦးအောင်​ထူး ကိုဥပ​ဒေအရအ​ရေးယူ​ပေးပါရန်​မိခင်​ဖြစ်​သူမှတရားလိုပြုလုပ်​တိုင်​တန်းသဖြင့်​ ​ရွှေကျင်​မြို့မရဲစခန်းမှ ဒုရဲမှူးကျော်လွင်ဦးက လက်ခံစစ်ဆေးကာ (ပ)၃/၂၀၁၉ ရာဇသတ်​ကြီးပုဒ်​မ ၃၇၆ဖြင့်​အမှုဖွင့် အ​ရေးယူ​ဆောင်​ရွက်​လျှက်ရှိသည်။

သတင်းနှင့်ဓာတ်ပုံ- ​ဇော်​မျိုး(​ရွှေကျင်​)၊ သန်းဝင်းနိုင်
BagoWeeklyJournal
https://www.facebook.com/bagoweeklyjournal1212/
ရွှေကျင်​မြို့နယ်​တွင်​ တတိယတန်းကျောင်းသူတစ်ဦးကို ၅၈ နှစ်အရွယ်အမျိုးသားက သားမယားပြုကျင့်​မှုဖြစ်ပွာ ​ရွှေကျင်​မြို့နယ်​တွင်​ တတိယတန်းကျောင်းသူတစ်ဦးကို ၅၈ နှစ်အရွယ်အမျိုးသားက သားမယားပြုကျင့်​မှုဖြစ်ပွာ Reviewed by THITHTOOLWIN on 07:49 Rating: 5
Powered by Blogger.