ရခိုင်လူငယ် ၄ ဦးအား လူသတ်မှုဖြင့် စွဲချက်တင်


နိရဉ္စရာ၊ ဇန်န၀ါရီ ၁၄

ရခိုင်လူငယ်များ ဖြစ်ကြသည့် ကိုအောင်ဇော်လင်း(ခ) ကိုအောင်ချေ၊ ခိုင်ဘိုဘို(ခ) ခိုင်သော်၊ ကိုမေယုထွန်းနှင့် ကိုရဲကျော် (ခ) ကိုနီအောင်တို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ / ၃၄ လူသတ်မှု၊ ပူးပေါင်းကြံစည်မှု တို့ဖြင့် စွဲတင်လိုက်သည်ဟု သတင်းရရှိသည်။

၎င်းတို့ ၄ ဦးအား ယနေ့ ညနေပိုင်းက စစ်တွေမြို့နယ် တရားရုံးတွင် အမှုစွဲတင်ခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံရသူများအထဲမှ ကိုအောင်ချေက ရခိုင်လူငယ်များအား ဖိနှိပ်မှုအား ရပ်တန့်ရန် အချုပ်ကားသို့ မတက်မီ တောင်းဆိုသွားခဲ့သည်။

သူတို့ ၄ ဦးမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့ ညက စစ်တွေ ၀င်္ကဘာကွင်း ဈေးပွဲတော်မှ အပြန် စရဖ တပ်ဖွဲ့ဝင် သန်းထိုက်(ခ) ဖိုးလုံး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အမှုဖွင့် စွဲချက်တင်ခံရခြင်း ဖြစ်သည်။

Narinjara
https://www.facebook.com/Narinjara
ရခိုင်လူငယ် ၄ ဦးအား လူသတ်မှုဖြင့် စွဲချက်တင် ရခိုင်လူငယ် ၄ ဦးအား လူသတ်မှုဖြင့် စွဲချက်တင် Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.