အင်းစိန်မြို့နယ် စဥ့်ငူရပ်ကွက် (၅)ခန်းတွဲ ငါးလမ်းတွင် မီးလောင်မှုဖြစ်ပွား


ရန်ကုန် ဇန်နဝါရီ ၂

ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်တွင် (၅)ခန်းတွဲငါးလမ်း အိမ်အမှတ် (၅၀၀/၁၀၀)နေအိမ် ဒေါ်စန်းမြင့်၏ သွပ်မိုး ပျဉ်ခင်း အုတ်ကြွတ်ကာ နှစ်ထပ်နေအိမ်၌ ဖယောင်းတိုင်မီးထွန်းရာတွင် မီးသုံး ပေါ့ဆမှုကြောင့် ဇန်နဝါရီ(၁)ရက် ညနေ(၅)နာရီခွဲအချိန် ပေါ့ဆမီးမှ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။


အဆိုပါမီးလောင်ရာသို့ အင်းစိန်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီဥက္ကဋ္ဌနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၂၄၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၈၆)ဦး ပေါင်း(၃၃၂)ဦး၊ မီးသတ်ယာဉ် (၂၉)စီး၊ အထောက်အကူပြုယာဉ် (၁၀)စီး၊ အုပ်ချုပ်မှုယာဉ် (၇)စီး၊ မီးသတ်စက် ယာဉ် (၁)စီးတို့ ရောက်ရှိ၍ ဝိုင်းဝန်းငြိမ်းသတ်ကြရာ ညခြောက်နာရီခြောက်မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ညခြောက်နာရီ တစ်ဆယ်မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း အင်းစိန်မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုကြောင့် အိမ်(၁၇)လုံး၊ အိမ်ထောင်စု(၁၈)စု၊ လူဦးရေကျား/မပေါင်း(၈၃)ဦး နှစ်ထပ်အိမ်(၁၀)လုံး၊ နှစ်ထပ်တစ်ဝက်နေအိမ်(၇)လုံးများ ပျက်စီးဆုံးရှုံးခဲ့ရာ မီးလောင်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။ မြင့်ဦး(အင်းစိန်)

မြင့်ဦး (အင်းစိန်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
အင်းစိန်မြို့နယ် စဥ့်ငူရပ်ကွက် (၅)ခန်းတွဲ ငါးလမ်းတွင် မီးလောင်မှုဖြစ်ပွား အင်းစိန်မြို့နယ် စဥ့်ငူရပ်ကွက် (၅)ခန်းတွဲ ငါးလမ်းတွင် မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:20 Rating: 5
Powered by Blogger.