တရားမ၀င်ရောက်နေတဲ့ ကလေးငယ်တွေ ထိန်းသိမ်းခြင်းမပြုဖို့ ထိုင်းအစိုးရ သဘောတူ

မှတ်တမ်းဓာတ်ပုံ။ ထိုင်းနိုင်ငံကို တရားမ၀င် ၀င်ရောက်လာသူတွေကို လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်းမှာ ထိန်းသိမ်းထားစဉ်။ ၂၀၁၃။
ထိုင်းနိုင်ငံရဲ့ နိုင်ငံတွင်း ထိန်းသိမ်းရေး စခန်းတွေမှာ ရှိနေတဲ့ ကလေးသူငယ်တွေကို လွှတ်ပေးမယ်ဆိုတဲ့ ကိစ္စကို ဒုက္ခသည်နဲ့ ခိုလှုံခွင့် တောင်းခံသူများ ကာကွယ်ရေး တက်ကြွလှုပ်ရှားသူတွေက ချီးကျူး ကြိုဆိုလိုက်ပါတယ်။

ဥပဒေမဲ့ ၀င်ရောက်လာတဲ့ ကလေးငယ်တွေ ထိန်းထားတဲ့ လုပ်ရိုးလုပ်စဉ်ကို အဆုံးသတ်မယ်ဆိုတဲ့ ၀န်ကြီးချုပ် ဖရာယုချန်အိုချာရဲ့ ကတိကို အကောင်အထည် ဖော်ရေး မူဘောင် တရပ်ကို ထိုင်းအစိုးရ အရာရှိကြီးတွေနဲ့ နားလည်မှု စာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ UNHCR က ပြောကြားလိုက်ပါတယ်။

အခု စာချွန်လွှာဟာ မူအားဖြင့် သဘောတူညီချက် ဖြစ်ပြီး ဒီကလေးငယ်တွေကို ဘယ်လို စောင့်ရှောက်သွားမလဲ ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
တရားမ၀င်ရောက်နေတဲ့ ကလေးငယ်တွေ ထိန်းသိမ်းခြင်းမပြုဖို့ ထိုင်းအစိုးရ သဘောတူ တရားမ၀င်ရောက်နေတဲ့ ကလေးငယ်တွေ ထိန်းသိမ်းခြင်းမပြုဖို့ ထိုင်းအစိုးရ သဘောတူ Reviewed by THITHTOOLWIN on 10:00 Rating: 5
Powered by Blogger.