ဒီမိုကရေစီကျင့်စဉ်၊ ဖက်ဒရယ်မူတွေနဲ့အညီ သင့်လျော်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ဖို့ သမ္မတတိုက်တွန်း


ငြိမ်းချမ်းရေးလုပ်ငန်း အောင်မြင်ရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် အဓိက လိုအပ်ချက်က ယုံကြည်မှု ဖြစ်တယ်လို့ သမ္မတဦးဝင်းမြင့်က "၇၁" နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ရေးသားပါတယ်။

လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် ၅ ရပ် ဖြစ်တဲ့ တိုင်းရင်းသားတွေရဲ့ သွေးစည်းညီညွတ်မှုနဲ့ ဒီမိုကရေစီကျင့်စဉ်၊ ဖက်ဒရယ်မူတွေနဲ့အညီ သင့်လျော်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ဖို့ ဝိုင်းဝန်းကြိုးပမ်းရမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ကျန်းမာရေးနဲ့ အကျင့်စာရိတ္တကို ထိခိုက်ပျက်ပြားစေတဲ့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို ထိရောက်စွာ တားဆီးဖို့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအလိုက် ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့လည်း သမ္မတက တိုက်တွန်းထားပါတယ်။

BBC Burmese
https://www.bbc.com/burmese
ဒီမိုကရေစီကျင့်စဉ်၊ ဖက်ဒရယ်မူတွေနဲ့အညီ သင့်လျော်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ဖို့ သမ္မတတိုက်တွန်း ဒီမိုကရေစီကျင့်စဉ်၊ ဖက်ဒရယ်မူတွေနဲ့အညီ သင့်လျော်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ဖို့ သမ္မတတိုက်တွန်း Reviewed by THITHTOOLWIN on 10:48 Rating: 5
Powered by Blogger.