ရခိုင်အစိုးရအဖွဲ့စီးလာသည့် ယာဉ်တန်း မိုင်းဆွဲခံရ ၊ လူထိခိုက်မှုမရှိ


ဇန်နဝါရီ ၁၊ စစ်တွေ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့များ စီးနင်းလာသည့် ယာဉ်တန်းသည် ယနေ့(ဇန်နဝါရီလ ၁ ရက်နေ့)၊ ညနေ ၄ နာရီ ၂၅ မိနစ်အချိန်ခန့်က မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာအနီးတွင် မိုင်းဆွဲခံရသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်က DMG ကို အတည်ပြု ပြောကြားသည်။


ယင်းသို့ မိုင်းဆွဲခံရမှုကြောင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး စီးနင်းလာသည့်ကားမှာ ထိခိုက်မှု အနည်းငယ် ရှိခဲ့သည်။ သို့သော်လည်း လူတစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု ဦးမောင်မောင်က ဆက်လက် ဆိုသည်။

“ အဆွဲခံရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ထိခိုက်မှုတော့မရှိပါဘူး။ ဝန်ကြီးချုပ်ကားလည်း ဘာမှ မဖြစ်ပါဘူး။ ကျန်တဲ့ ယာဉ်တန်းတွေလည်း ဘာမှ မဖြစ်ပါဘူး။(ဝန်ကြီးချုပ်)က အမ်းက လာတာ ”ဟု ဦးမောင်မောင်က ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု စီးနှင်းလာသည့် ယာဉ်သည် မြောက်ဦးမြို့၊ ဆင်ချဆိပ် ရပ်ကွက်အရောက်တွင် ချောင်းထဲသို့ ထိုးကျသွားခဲ့သည်။

Photo – Aung Thein Hlaing’ Facebook
နေရောင်မင်း(စစ်တွေ) / DMG
Development Media Group
https://www.facebook.com/dmgnewsagency/
ရခိုင်အစိုးရအဖွဲ့စီးလာသည့် ယာဉ်တန်း မိုင်းဆွဲခံရ ၊ လူထိခိုက်မှုမရှိ ရခိုင်အစိုးရအဖွဲ့စီးလာသည့် ယာဉ်တန်း မိုင်းဆွဲခံရ ၊ လူထိခိုက်မှုမရှိ Reviewed by THITHTOOLWIN on 22:34 Rating: 5
Powered by Blogger.