ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်တွင် ခြင်ဆေးခွေမီးထွန်းရာမှ နေအိမ် ၁၇လုံး မီးလောင်မှုဖြစ်ပွား


မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၅၈လမ်းနှင့် ပန်းရံတော်ချောင်းကြား၊မန္တလေး-မေမြို့သံလမ်း မြောက်ဘက်ကပ်လျက် ကန်သာယာရပ်ကွက်၊အကွက်အမှတ် (ဗ-၈) တွင် ဒီဇင်ဘာ ၃၁ ရက် ည ၆ နာရီ ၂၀ မိနစ် က ခြင်ဆေးခွေမီးထွန်းရာမှ အနီးရှိ အိမ်ထရံသို့ မီးကူးစက်၍ နေအိမ်(၁၇)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်ရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးနှင့်အဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၊ သန္ဓေမီးသတ်(၇၀)ဦး၊အရန်မီးသတ်(၁၃၀)ဦး၊ မီးငြိမ်းသတ်ယာဉ်(၅၀)စီး၊ ရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီးနှင့် ရပ်ကွက်နေပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်ရာ ၆ နာရီ ၄၅ မိနစ် တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် အိမ်ခြေ (၁၇)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းသောနေအိမ် ဒေါ်ငယ် (၄၆)နှစ်အား အောင်ပင်လယ် နယ်မြေ ရဲစခန်းမှ(ပ-၉၀၀/၂၀၁၈)၊ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်းရှိပြီး မီးဘေးသင့် ပြည်သူများ အား ရပ်ကွက်ဓမ္မာရုံတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့် လှစ်ထားကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper
ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်တွင် ခြင်ဆေးခွေမီးထွန်းရာမှ နေအိမ် ၁၇လုံး မီးလောင်မှုဖြစ်ပွား ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်တွင် ခြင်ဆေးခွေမီးထွန်းရာမှ နေအိမ် ၁၇လုံး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.