ကျောက်တွင်းပြိုကျမှု ၃ဦးသေ

ပြိုကျခဲ့တဲ့ စစ်ကိုင်းမြို့ တောင်ညိုရွာသစ်က ကျောက်တွင်းကို ၂၀၁၉ ဇန်နဝါရီ ၂၈ ရက်နေ့က တွေ့ရစဉ် Photo: Khaymani Win/RFA
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ တောင်ညိုရွာသစ်မှာ ဒီနေ့မနက် ၉ နာရီခွဲလောက်က ကျောက်တွင်း ပြိုကျတာကြောင့် ၃ ဦးသေဆုံးပြီး တစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိထားသူ တစ်ဦးကိုတော့ ဆေးရုံပို့ဆောင်ထားပြီး ကျောက်ပုံတွေထဲ ပိနေသူ နှစ်ဦးကိုတော့ ကယ်ထုတ်နိုင်ရေး ကြိုးစားနေဆဲဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူ ၃ဦးကတော့ အမျိုးသမီး တစ်ဦး နဲ့ အမျိုးသား နှစ်ဦး ဖြစ်ပါတယ်။

ပြိုကျတဲ့ကျောက်တွင်းဟာ လမ်းခင်းကျောက်တွေကို တရားမ၀င်ထုတ်ယူနေတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
ကျောက်တွင်းပြိုကျမှု ၃ဦးသေ ကျောက်တွင်းပြိုကျမှု ၃ဦးသေ Reviewed by THITHTOOLWIN on 17:17 Rating: 5
Powered by Blogger.