RCSS/SSA တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ဒဏ်​ရာရပြီး​ဆေးကုသသူ တစ်​ဦးထပ်​မံ​သေဆုံ


ဒီဇင်​ဘာလ ၂၆။

လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စုတွင် နမ်းဟူးရွာသား ကိုRCSS/SSAတပ်ဖွဲ့မှပစ်ခတ်မှုကြောင့် ဒဏ်​ရာရသူ ၃ ဦး အနက်​ ဒီဇင်ဘာ ၂၅ ရက်ည ၉ နာရီကျော်အချိန်ခန့်တွင်စ၀်စံထွန်း ဆေးရုံ၌ ဆေးကုသခံယူနေစဉ်​ တစ်​ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

``မ​နေ့က ည ၉ နာရီကျော်မှာဆုံးသွားတယ်​၊ ဒီ​နေ့သယ်​ပြန်​မယ်​ ဒီဇင်​ဘာ ၂၇ ရက်​​နေ့ ၂ နာရီမှာ လွိုင်​လင်​သုဿန်​မှာဘဲ သင်္ဂြိုလ်​မယ်​´´ဟု ​ဒေသခံ ခွန်​မြင့်​​အောင်​က ​ပြောသည်​။

သေးဆုံးသူသည်​ ခွန်​တ၀င်းကအကြီးဆုံးဖြစ်​ပြီး သူကြီးခွန်ထွန်းဦး ခွန်​သူရကအငယ်ဆုံးဖြစ်​​ကြောင်း၊ သူတို့မှာအဖေမရှိတော့ဘဲ အကြီးနှစ်ယောက်ဆုံးပြီး​နောက်​ အမေဖြစ်​သူမှာ အရမ်းစိတ်​ထိခိုက်ပြီး မစားမသောက်နိုင်​ဘဲ ယခုအငယ်တစ်ယောက်ပါ ထပ်ဆုံးသည့်​အတွက်​ အမယ်အိုအတွက် အရမ်းစိတ်​မကောင်းဖြစ်ရ​ကြောင်း ၎င်းကဆက်​​ပြောသည်​။

သေဆုံးသွားသည့် ခွန်သူရကို လွိုင်လင်မြို့ရှိ သင်္ဂြိုလ်​ထားသည့်​သည့်​ ရွာသား ၅ ဦးနှင့်အတူ ၄င်းသုဿန်တွင် ဒီဇင်​ဘာ ၂၇ ရက်​​နေ့တွင်​ သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်​ရှိနမ်းဟူးရွာတွင်​ လုံခြုံ​ရေး မရှိသလို ရှမ်းစာဖြင့်​ ခြိမ်း​ခြောက်​ ပစ်​စာ​ရောက်​လာသည့်​အတွက်​ ​ရွာသားများ​ကြောက်​စိတ်​နှင့်​​နေထိုင်​​နေရ​ကြောင်း ​ဒေသခံ ​ပြောပြချက်​အရ သိရသည်။

ရွာသား​သေဆုံးမှုနှင့်​ပတ်​သက်​ပြီး တရားမျှတမှု ရရှိ​ရေး ဒီဇင်​ဘာ ၂၁ ရက်​​နေ့က ​တောင်​ကြီး မြို့ ​ပေါ်တွင်​ ပအိုဝ်းပြည်​သူများက ဆန္ဒပြ ​တောင်းဆိုခဲ့​ကြောင်းသိရသည်​။

ပြီးခဲ့သည့်​ ဒီဇင်​ဘာလ ၁၁ ရက်​ ​ည​နေ ၄ နာရီ အချိန်​တွင်​ RCSS/SSA လက်​နက်​​ကိုင်​အဖွဲ့က နမ်းဟူးရွာသူကြီး၊ ရပ်​​ကျေးဥက္ကဌ၊ ရပ်​​ကျေးရုံးစာ​ရေးနဲ့ ​ကျောင်း​ကော်​မတီဝင်​​ ၄ ဦးကို ဖမ်းဆီး​ခေါ်​ဆောင်​သွားပြီး တခြားရွာသား​များက ဖမ်းဆီးခံရသူကိုလွတ်​​ပေးရန်​ လိုက်​သွားစဉ်​ ပစ်​ခတ်​မှုဖြစ်​ပြီး ရွာသား(၅)ဦး​သေဆုံးပြီး (၃)ဦးဒဏ်​ရာရ ရှိခဲ့​ကြောင်းသိရသည်​။

သတင်း -  နန်းခမ်း​ဟေမာန်
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor/
RCSS/SSA တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ဒဏ်​ရာရပြီး​ဆေးကုသသူ တစ်​ဦးထပ်​မံ​သေဆုံ RCSS/SSA တပ်ဖွဲ့ ပစ်ခတ်မှုကြောင့် ဒဏ်​ရာရပြီး​ဆေးကုသသူ တစ်​ဦးထပ်​မံ​သေဆုံ Reviewed by THITHTOOLWIN on 23:05 Rating: 5
Powered by Blogger.