RCSS /SSA အဖွဲ့က ရွာသားကို ဖမ်းဆီးခေါ်ဆောင်သွားစဉ် ထွက်ပြေးရန်​ကြံရွယ်​သည့်​အတွက်​ သေနတ်ဖြင့်​ လှမ်းပစ်ရာ ဒဏ်​ရာအပြင်းထန်​ရပြီး သေဆုံး

သေဆုံးသူ ခွန်​တ​မောင်း မိသားစု ပုံ။
ဒီဇင်​ဘာ ၅။

လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ် တန်အယ်ကျေးရွာအုပ်စု လုတ်စန်းခံ ကျေးရွာရှိ ရွာသားကို RCSS/SSA အဖွဲ့က မူးယစ်​​ဆေးဝါး ဖြတ်​​ပေးမည်​ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားစဉ် ရွာသားတစ်​ဦးက ထွက်ပြေးရန်ကြံရွယ်သည့်​အတွက်​ သေနတ်ဖြင့်​ပစ်ခဲ့ရာ သေဆုံးသွား​ကြောင်း ဒီဇင်ဘာ ၅ ရက်နေ့တွင် သိရသည်။

ဒီဇင်ဘာ ၁ ရက်နေ့ည ၇ နာခွဲအချိန်ခန့်တွင် လုတ်စန်းခံကျေးရွာရှိ ခွန်တမောင်း အသက် ၃၂ အား RCSS /SSA အဖွဲ့က မူးယစ်ဆေးဝါးဖြတ်ပေးမည်​ဟုဆိုကာ ဖမ်းဆီးသွားခဲ့ပြီး ခွန်​တ​မောင်း ကနေအိမ်သို့ပြန်လည်ထွက်ပြေးလာကာ ဒီဇင်ဘာ ၂ ရက်မနက် ၅ နာရီအချိန်ခန့်တွင် RCSS/SSA အဖွဲ့မှထပ်မံပြန်လာခေါ်စဉ်အပြင် ခဏသွားမည်ဟုဆိုကာ ထွက်ပြေးရန်ကြံသည့်​အတွက်​ သေနတ်နှင့် လှမ်းပစ်ရာ ဒဏ်ရာပြင်းထန်စွာရရှိပြီး တောင်ကြီးစ၀်းစံထွန်း ဆေးရုံသို့​ဆေးကုသရန်​ ပို့ဆောင်စဉ် ဒီဇင်ဘာ ၄ ရက်နေ့ညနေ ၄ နာရီခွဲအချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

``သားသမီးလေးယောက်ရှိတာ သားကသူတစ်ယောက်တည်းပဲပါ တယ် ခုလိုဖြစ်သွားတော့စိက်တော့ မကောင်းဘူးပေါ့ ဘာတတ်နိုင် မှာလဲ ဘယ်သူကိုမှလည်းအပြစ်မတင်ဘူး ဖြစ်ပြီးသွားပြီဆိုတော့ ကံပေါ့ အမှုလည်းမဖွင့်ပါဘူး အမှုပိတ်ဖို့လက်မှတ်ထိုးဆို ထိုးပေးမှာပါ´´ဟု ခွန်တမောင်း မိခင် မွိုးတွမ်က ပြောသည်။


ဆေးကုသရန်အတွက် RCSS/SSA အဖွဲ့မှ ​ငွေကျပ်​တစ်သိန်း ထောက်ပံ့ပေးခဲ့​ကြောင်း၊ ​သေဆုံးသူ ခွန်တမောင်းသည်​ ဇနီးနှင့်သမီး ၂ ယောက်ကျန်နေခဲ့ကြောင်း၊ ခွန်တမောင်းသေဆုံးသွားသောကြောင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲရှိနိုင်ကြောင်းနှင့် သင်္ဂြိုလ် ရန်​စရိတ်နှင့် သွားလာစရိတ်တွက်အခက်ခဲရှိကြောင်း မွိုးတွမ်က ဆက်ပြောသည်။

ထိုကိစ္စနှင့်​ပတ်​သက်​ပြီး RCSS/SSA ​တောင်​ကြီး ဆက်​ဆံ​ရေးရုံး တာဝန်​ခံ ဗိုလ်​မှူး စိုင်းဦးကို ခမ်းသား​ငေါဝ်း ကဆက်​သွယ်​​မေးမြန်း ရာတွင်​``ကျွန်​​တော့်​အ​နေနဲ့ ဒီကိစ္စမသိဘူး မကြားမိဘူး၊ စုံစမ်း​ပေးမယ်​´´ဟုပြန်​လည်​​ဖြေကြားခဲ့​သည်​။

မူးယစ်​​ဆေးဝါးဖြတ်​​ပေးမည်​ဟုဆိုကာ ဒီဇင်​ဘာ (၁) ရက်​​နေ့က လုတ်စန်းခံရွာသား ၅ ဦးကို RCSS /SSA အဖွဲ့က ဖမ်းဆီး​ခေါ်​ဆောင်​သွားခဲ့ကြောင်းသိရသည်။

ခမ်းသားင၀်း
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor
RCSS /SSA အဖွဲ့က ရွာသားကို ဖမ်းဆီးခေါ်ဆောင်သွားစဉ် ထွက်ပြေးရန်​ကြံရွယ်​သည့်​အတွက်​ သေနတ်ဖြင့်​ လှမ်းပစ်ရာ ဒဏ်​ရာအပြင်းထန်​ရပြီး သေဆုံး RCSS /SSA အဖွဲ့က ရွာသားကို ဖမ်းဆီးခေါ်ဆောင်သွားစဉ် ထွက်ပြေးရန်​ကြံရွယ်​သည့်​အတွက်​ သေနတ်ဖြင့်​ လှမ်းပစ်ရာ ဒဏ်​ရာအပြင်းထန်​ရပြီး သေဆုံး Reviewed by THITHTOOLWIN on 03:44 Rating: 5
Powered by Blogger.