မွတ်စလင်တွေ ထိန်းသိမ်းထားမှု၊ တရုတ်ကို အင်ဒိုနီးရှားတွေ ဆန္ဒပြ

(တရုတ်နိုင်ငံမှာ ဝှီဂါမွတ်စလင်တွေကို ထိန်းသိမ်းထားတာ ရပ်တန့်ရေးအတွက် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆန္ဒပြခဲ့စဉ်)Photo: CHAIDEER MAHYUDDIN / AFP
တရုတ်နိုင်ငံမှာ ဝှီဂါမွတ်စလင်အများအပြားကို ထိန်းသိမ်းထားတာ ရပ်တန့်ရေးအတွက် အင်ဒိုနီးရှား နိုင်ငံရဲ့မြို့တော် ဂျာကာတာက တရုတ်သံရုံးရှေ့မှာ ရာနဲ့ချီတဲ့ လူထုက စုရုံးဆန္ဒပြကြပါတယ်။ “ကြီးမြတ်သောဘုရားသခင်၊” “ကွန်မြူနစ်တွေထွက်သွား” ဆိုပြီး ဆန္ဒပြသူတွေက ကြွေးကြော်အော်ဟစ်ခဲ့ကြပါတယ်။

မွတ်စလင် ညီအကိုတွေဟာ တရုတ်ကွန်မြူနစ်အစိုးရရဲ့ ရက်စက်မှု၊ ဖိနှိပ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုဒဏ်တွေကို ခံစားနေရပါတယ်၊ ဆန္ဒပြပွဲကို ဦးဆောင်သူ ဆလာမက် မာရစ်ဖ် (Slamet Ma’arif) က ဆန္ဒပြ နေတဲ့လူအုပ်ကို ပြောပါတယ်။

ကမ္ဘာပေါ်က အကြီးမားဆုံး မွတ်စလင်နိုင်ငံကနေ တရုတ်သံအမတ်ကို နှင်ထုတ်ပစ်သင့်ပါတယ်လို့ ကွန်ဆာဗေးတစ် မဟာမိတ်အဖွဲ့ရဲ့ဥက္ကဋ္ဌ မာရစ်ဖ်ဟာ ပြောပါတယ်။ တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ထဲက မွတ်စလင် ၁ သန်းလောက်ဟာ ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းခံနေရပြီး ယုံကြည်ကိုးကွယ်မှုတွေကို စွန့်လွှတ်ဖို့ ဖိအားပေးခံနေရတာဖြစ်ပါတယ်။

အဲဒီထဲကတချို့ဟာ အဝတ်အစားချုပ်တဲ့စက်ရုံတွေမှာ အတင်းအဓမ္မခိုင်းစေခံနေရပြီး အဲဒီစက်ရုံတွေက အဝတ်အစားတွေကို အမေရိကန်ပြည်ထောင်စုက အားကစားဝတ်စုံ ကုမ္ပဏီတစ်ခုပိုတင်သွင်းနေတယ်လို့ AP သတင်းဌာနက ဒီသီတင်းပတ်ထဲမှာ ရေးသားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
မွတ်စလင်တွေ ထိန်းသိမ်းထားမှု၊ တရုတ်ကို အင်ဒိုနီးရှားတွေ ဆန္ဒပြ မွတ်စလင်တွေ ထိန်းသိမ်းထားမှု၊ တရုတ်ကို အင်ဒိုနီးရှားတွေ ဆန္ဒပြ Reviewed by THITHTOOLWIN on 12:44 Rating: 5
Powered by Blogger.