မတူပီတွင် စစ်ဗိုလ်က ကျောင်းဆရာမကို ပါးရိုက်မှုဖြစ်ပွား


ခိုနူမ်းသုန်သတင်း၊ ၁၉ ဒီဇင်ဘာ ၂၀၁၈

ချင်းပြည်နယ် မတူပီမြို့အခြေခံပညာအထက်တန်းကျောင်း(အထက ၁) တွင် ဓာတ်ခွဲကျွမ်းကျင်သုံးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဆရာမ နုဘောင် ကို မတူပီစစ်ဗျူဟာမှ ဗိုလ်ကြီး ပြည့်စုံမင်းဆိုသူက ပါးရိုက်သည့်ဖြစ်ရပ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။


ယင်းကိစ္စနှင့်ပတ်သက်၍ ဆရာမ နုဘောင်ကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်ရာ “ သူနဲ့ကျမက ၂၀၁၇ ခုနှစ်ကစပြီး ရင်းနှီးကြတာပေါ့၊ တခြားသူဆီကနေ ကျမက အာမခံပြီးတော့ ငွေချေးပေးတယ် အဲဒါသူပြန်မဆပ်ဘူး အဖေအမေတွေကိုပြောပြတယ် ရပ်မိရပ်ဖတွေခေါ်ပြီး မနေ့ည နောက်ဆုံးချိန်ထားတယ် ဒါပေမယ့် စာချူပ်စာတမ်းတွေနဲ့ငွေအပြည့်အစုံယူလာတယ် သူတို့စာချူပ်ထဲမှာက တခြားလူမှုရေးကိစ္စနဲ့ ထပ်မတိုင်တော့ဖို့ပါလာတယ် အကြွေးရကြောင်းကိုတော့ လက်မှတ်ထိုးပေးနိုင်တယ် လူမှုကိစ္စကိုတော့ မထိုးပေးနိုင်ဘူး လို့ပြောထားလိုက်တယ် ငွေကိုယူပြီးကျမအပြင်မှာပဲနေလိုက်တယ် ကျမ နောက်လိုက်လာပြီး မင်းတပ် လမ်းဘက်ကို ခေါ်သွားပြီး လက်မှတ်ထိုးမလားမထိုးဘူးလားဆိုပြီး ပါးတွေရိုက် ဆံပင်တွေစောင့်ဆွဲ ဆယ်ချက်လောက်ရိုက်တယ် အော်ငိုတော့လည်း မငိုနဲ့အသံမထွက်နဲ့ပြောပြီး ပါးစပ်တွေပိတ်တယ် နောက်ဆုံးတော့မခံနိုင်လို့ လက်မှတ်ထိုးပေးလိုက်တယ်’’ ဟု ပြောဆိုပါသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဆရာမ နုဘောင်မှ မတူပီမြို့ရဲစခန်းသို့ အမှုတိုင်ချက်ဖွင့်ရန် စီစဉ်နေသည်ဟု ခိုနူမ်းသုန်ကို ပြောသည်။

Khonumthung Burmese
https://www.facebook.com/KhonumthungBurmese/
မတူပီတွင် စစ်ဗိုလ်က ကျောင်းဆရာမကို ပါးရိုက်မှုဖြစ်ပွား မတူပီတွင် စစ်ဗိုလ်က ကျောင်းဆရာမကို ပါးရိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:03 Rating: 5
Powered by Blogger.