စာမလိုက်​နိုင်​သဖြင့်​ တက္ကသိုလ်​ဝင်​တန်း​ကျောင်းသူတစ်ဦး အဆိပ်​​သောက်​​သေဆုံးဟု သူမ၏မိခင်​ဖြစ်​သူသုံးသပ်


မိုး​ကောင်း ၊ ဒီဇင်​ဘာ - ၁၇

မိုးညှင်းခရိုင်​၊ မိုး​ကောင်းမြို့၊ မန်​ရွက်​​ကျေးရွာ​နေ တက္ကသိုလ်​ဝင်​တန်း​ကျောင်းသူတစ်​ဦး ဒီဇင်​ဘာ(၁၇)ရက်​က အဆိပ်​​သောက်​​သေဆုံးမှု ဖြစ်​ပွားခဲ့​ကြောင်း မိုး​ကောင်းမြို့မရဲစခန်းမှ သိရသည်​။

သေဆုံးသည့်​ တက္ကသိုလ်​ဝင်​တန်း​ကျောင်းသူမပွင့်​ဖြူစိုးသည်​ စာမလိုက်​နိုင်​သဖြင့်​ အဆိပ်​​သောက်​​သေဆုံးခဲ့ခြင်းဖြစ်​နိုင်​​ကြောင်း မိခင်​ဖြစ်​သူကသုံးသပ်​​ပြောဆိုသည်​။

မပွင့်​ဖြူစိုး မ​သေဆုံးချိန်​က တက္ကသိုလ်​ဝင်​တန်းအစမ်းစာ​မေးပွဲ(ပ)အကြိမ်​​ဖြေဆိုရာ (၅)ဘာသာကျရှုံးခဲ့ပြီး ၊​သေဆုံးသည့်​​နေ့၌လည်း(ဒု)အကြိမ်​အစမ်းစာ​မေးပွဲရှိ​ကြောင်း မိဘများက တစ်​စုံတစ်​ရာဆူပူကြိမ်း​မောင်းခြင်းများမရှိဘဲ စာမလိုက်​နိုင်​၍ ယခုလို အဆိပ်​​သောက်​​သေဆုံးခြင်းဖြစ်​နိုင်​​ကြောင်း ၎င်း၏မိခင်​ ​ဒေါ်တင်​မြင့်​​ပြောပြချက်​အရ သိရသည်​။

သေဆုံးသူမပွင့်​ဖြူစိုးသည်​ ဒီဇင်​ဘာ(၁၇)ရက်​၊ နံနက်​(၇)နာရီခွဲအချိန်​က​ကျောင်းမသွားဘဲ​ခေါင်းမူး/ဗိုက်​​နာ​ကြောင်း ​ပြောဆိုသဖြင့်​ ၎င်း၏မိဘများက ​နေ့လည်​(၁၁)နာရီခွဲအချိန်​၌ မိုး​ကောင်းပြည်​သူ့​ဆေးရုံသို့ ဆေးကု​သရန် ပို့ဆောင်​​ပေးခဲ့​​ရာ ​အလှည့်​ကျဆရာဝန်​​ဒေါက်​တာ ​ချောစုစု​စော၏ ​မေးမြန်းရာတွင် မပွင့်​ဖြူစိုးက မိဘများမသိ​အောင်​ ယင်​​ကောင်​သတ်​​ဆေးနှင့်​ ပရုပ်​လုံးတွဲ၍​သောက်​ထား​တယ်ဟု ပြောပြချက်​အရသိရပြီး ​ဆေးကုသ​နေစဉ်​​နေ့လည်​(၁၂)နာရီအချိန်​၌ ​သေဆုံးသွား​ကြောင်း ရဲမှတ်​တမ်းအရသိရသည်​။

မိုး​ကောင်းမြို့နယ်​၊ မန်​ရွက်​​ကျေးရွာ၊ အထက(ခွဲ)​တက္ကသိုလ်​ဝင်​တန်း​ကျောင်းသူ မပွင့်​ဖြူစိုး အသက်​(၁၅)နှစ်​၊ (ဘ)ဦးဝင်း​ဖေသည်​ ဓမ္မတာအတိုင်း​သေဆုံးခြင်းဟုတ်​၊ မဟုတ်​စစ်​​ဆေးနိုင်​ရန်​ ​သေမှု​သေခင်း အမှတ်​စဉ်​ ၂၃/၂၀၁၈ ဖြင့်​မိုး​ကောင်းမြို့မရဲစခန်းက အမှု​ရေးဖွင့်​ထား​ကြောင်း သိရသည်​။

အလားတူ ပင်း​ဘော​ကျေးရွာတွင်​ ဒီဇင်​ဘာ (၁၂)ရက်​​၊ ည​နေ(၅)နာရီအချိန်​ခန့်​က​ အ​ဆောင်​တစ်​​ဆောင်​တွင်​​တက္ကသိုလ်​ဝင်​တန်း ​ကျောင်းသူတစ်​ဦး ကြိုးဆွဲချ​သေဆုံး​ခဲ့သဖြင့်​ ဒီဇင်​ဘာလအတွင်းမိုး​ကောင်းမြို့နယ်​တွင်​တက္ကသိုလ်​ဝင်​တန်း​ကျောင်းသူ(၂)ဦး​​သေဆုံးခဲ့​ကြောင်းသိရသည်​။

ချစ်​သား
EPN
https://www.facebook.com/epngnews/
စာမလိုက်​နိုင်​သဖြင့်​ တက္ကသိုလ်​ဝင်​တန်း​ကျောင်းသူတစ်ဦး အဆိပ်​​သောက်​​သေဆုံးဟု သူမ၏မိခင်​ဖြစ်​သူသုံးသပ် စာမလိုက်​နိုင်​သဖြင့်​  တက္ကသိုလ်​ဝင်​တန်း​ကျောင်းသူတစ်ဦး အဆိပ်​​သောက်​​သေဆုံးဟု သူမ၏မိခင်​ဖြစ်​သူသုံးသပ် Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.