ပုဏ္ဏားကျွန်းမြို့နယ်၊ ခမီကြိမ်ချောင်းကျေးရွာတွင် ဓားခုတ်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

ညီမတစ်ဦးနှင့်သားအမိ(၃)ယောက်တို့အတူနေအိမ်၌ည အိပ်ပျော်နေစဉ် ဓားခုတ်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး
ပုဏ္ဏားကျွန်း ဒီဇင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမီကြိမ်ချောင်းကျေးရွာတွင်ညီမငယ်တစ်ဦးနှင့် သားအမိ(၃)ယောက်တို့အတူနေအိမ်၌ ညအိပ်ပျော်နေစဉ် မည်သည့်ရန်ငြိုးရန်စမရှိဘဲ တစ်ရွာတည်းနေအမျိုးသားတစ်ဦး တက်လာပြီး ဓားခုတ်မှုဖြစ်ပွားရာ မိခင်ဖြစ်သူအမျိုးသမီးကြီး
မှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မြို့မရဲစခန်းမှ တည်ပြုပြောကြားသည်။

ဒီဇင်ဘာလ ၂၇ ရက် ညဥ့်သန်းခေါင်းယံ ၁ နာရီ အချိန့်ခန့်က ပုဏ္ဏားကျွန်းမြို့နယ် ခမီးကြိမ်ချောင်းကျေးရွာနေ ဒေါ်နေလင်းမေ (သေဆုံး)သူမှာ ခင်ပွန်းဖြစ်သူ ဦးနီထွန်းအောင် အခြားကျေးသို့ စပါးရိတ်သိမ်းရန် အငှားအဖြစ်သွားရောက်နေစဉ်တွင် အသက်(၁၂)အရွယ် ညီမငယ် မနေခင်စိုး၊ သားဖြစ်သူ မောင်ဟန်ချစ်ဦး၊သမီးငယ် မပန်းဖြူတို့နှင့် အတူ အိပ်ပျော်နေကြစဉ် တစ်ရွာ
တည်းနေ ဦးမောင်မြင့်မှာ ဓားတစ်ချောင်းကိုင်ကာ နေအိမ်သို့ တက်လာပြီး ဒေါ်နေလင်းမေအား ဓားနှင့်ခုတ်ခဲ့ရာ ဒေါ်နေလင်းမေ၏ ဦးခေါင်းဝဲဘက်နောက်စေ့မှနားရွက်ထိ (၉)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊နှာခေါင်းနှင့်ဝဲ မျက်လုံး(၅)လက်မခန့်ရှိပြတ်ချက်ဒဏ်ရာ(၁)ချက်၊ နောက်ကျောခါးရိုးအထက်(၉)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်အသီးသီးရရှိကာ အခင်းဖြစ်နေရာတွင်ပွဲချင်းပြီးသေဆုံးသွားသည်။

အဲဒီနောက် သေဆုံးသူ၏ညီမဖြစ်သူအား ဆက်ခုတ်ရာ ဝဲလက်မ တွင် ပြတ်ချက်ဒဏ်ရာ(၁)ချက် ရရှိကာ မနေခင်စိုးအား ရဲ၏ဆေးစာဖြင့် ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံသို့ပို့ဆောင် ထားပြီး သေဆုံး၏ ခင်ပွန်းဦးနီထွန်းအောင် တရားလို၏ တိုင်းတန်းချက်အရမြို့မရဲစခန်းမှ ဒုရဲမှူး ခင်မောင်အေးနှင်နယ်ထိန်းရဲတပ်အဖွဲ့မှ ပြစ်မှုကျူးလွန်သူအားနေ့လည်(၂)နာရီခန့်တွင် ချက်ချင်းဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူ ဦးမောင်မြင့်(၂၆)နှစ်အား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း ပုဏ္ဏားကျွန်း(မြို့မ)ရဲစခန်းမှူးက ပြောကြားသည်။

မြို့နယ်ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပုဏ္ဏားကျွန်းမြို့နယ်၊ ခမီကြိမ်ချောင်းကျေးရွာတွင် ဓားခုတ်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး  ပုဏ္ဏားကျွန်းမြို့နယ်၊ ခမီကြိမ်ချောင်းကျေးရွာတွင် ဓားခုတ်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 16:52 Rating: 5
Powered by Blogger.