ပျောက်ဆုံးခဲ့သည့် အသက် (၈) နှစ်အရွယ် အမျိုးသမီး ကလေးငယ် မုဒိမ်းပြုကျင့်ခံရမှုမှ တရားခံအား သတင်းပေးရန် ရဲတပ်ဖွဲ့ထုတ်ပြန်


ဒီဇင်ဘာ ၂၅

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဈ) ရပ်ကွက်တွင်နေထိုင်သည့် ပျောက်ဆုံးခဲ့သော အသက် (၈) နှစ်အရွယ် အမျိုးသမီး ကလေးငယ် မုဒိမ်းပြုကျင့်ခံရမှုမှ တရားခံအား သတင်းပေးရန် ရဲတပ်ဖွဲ့ထုတ်ပြန်က ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လည်ပိုင်းအချိန်က အသက် (၈) နှစ်အရွယ် အမျိုသမီး ကလေးငယ်သည် နေအိမ်မှ စက်ဘီးဖြင့်ထွက်သွားရာ ၄၇ လမ်း နှင့် ၄၈ လမ်းကြား ၊ တပင်ရွှေထီးလမ်း နှင့် မက္ခရာလမ်းကြား တွင် အမည်မသိ လူတစ်ဦးမှ ဆိုင်ကယ်ဖြင့် တင်ခေါ်သွားကြောင်း CCTV မှတ်တမ်းများအရ သိရသည်။

ထို့နောက် အသက် (၈) နှစ်အရွယ် အမျိုးသမီး ကလေးငယ်၏ ဖခင်သည် သက်ဆိုင်ရာ အပိုင်ရဲစခန်းတွင် လူပျောက်ကြော်ငြာအမှတ်စဉ် (၈/၂၀၁၈) ဖြင့် လူပျောက်တိုင်တန်းခဲ့သည်။

ပျောက်ဆုံးသွားသည့်ကလေးငယ်အား ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်းအပိုင်အတွင်း အဝတ်ဗလာဖြင့် သတိလစ်မေ့မြောနေသည်ကို တွေ့ရှိခဲ့ပြီး ကလေးမှာ မုဒိမ်းပြုကျင့်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

"တရားခံကတော့ ဖမ်းဆီးရမိခြင်းမရှိသေးဘူး ။ တရားခံ ဘယ်သူဘယ်ဝါဆိုတာကတော့ သိနေပြီ ။ ဖမ်းမိဖို့တော့ စုံစမ်းနေစဲပဲ ။ အများပြည်သူအနေနဲ့ တရားခံကို တွေ့ရင် အကြောင်းကြားစေချင်တယ် " ဟု ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်း မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးလွန်သူ သီဟာနိုင် (ခ) အငယ်လေး အား ပြင်ဦးလွင်မြို့နယ် ပြင်စာရဲစခန်းတွင် (ပ) ၁၈၂/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၃/၃၇၆/၃၂၅ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

နိုင်လင်းဦး
The Fifth Wave News
https://www.facebook.com/fifthwavenews/
ပျောက်ဆုံးခဲ့သည့် အသက် (၈) နှစ်အရွယ် အမျိုးသမီး ကလေးငယ် မုဒိမ်းပြုကျင့်ခံရမှုမှ တရားခံအား သတင်းပေးရန် ရဲတပ်ဖွဲ့ထုတ်ပြန် ပျောက်ဆုံးခဲ့သည့် အသက် (၈) နှစ်အရွယ် အမျိုးသမီး ကလေးငယ် မုဒိမ်းပြုကျင့်ခံရမှုမှ တရားခံအား သတင်းပေးရန် ရဲတပ်ဖွဲ့ထုတ်ပြန် Reviewed by THITHTOOLWIN on 08:07 Rating: 5
Powered by Blogger.