တောင်ကြီးမြို့အဝင်​အထွက်​ ဂိတ်တွေမှာ ငွေတောင်းခံ ကောက်ခံမှုများ အရေးယူသွားမည်ဟုရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ပြော


တောင်ကြီး ၊ ဒီဇင်ဘာ -၁၉

တောင်ကြီးမြို့ အ၀င် အထွက် ဂိတ်တွေ မှာ ငွေကြေးတောင်းခံ ကောက်ခံမှုတွေ ရှိပါက ဥပဒေအရ အရေးယူသွားမယ်လို့ ရှမ်းပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးလှဦး ကပြောပါတယ်။

ကျင်းပလျက်ရှိတဲ့ ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ ကလောမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) က ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ရဲ့ " တောင်ကြီးမြို့အ၀င် မြေပုံဂိတ် အနီးနဲ့ အနောက်မြို့ပတ်လမ်းဆုံ မှာ ငွေကြေးကောက်ခံနေတာတွေနဲ့ပတ်သတ်ပြီးတော့ မည်သည့်ဌာနမှ ဆောင်ရွက်နေကြောင်း"သိရှိလိုတယ်ဆိုတဲ့ ကြယ်ပွင့်ပြ မေးခွန်းနဲ့ပတ်သတ်ပြီး ဗိုလ်မှူးကြီး လှဦး က ပြန်လည်ဖြေကြားခဲ့တာပါ။

" ငွေကြေးကောက်ခံဖို့ ဘယ်ဌာနကိုမှ တာဝန်ပေးထားတာမရှိပါဘူး၊ ကောက်ခံနေတာတွေ ရှိခဲ့ရင်လည်း ဥပဒေအရ အရေးယူအပြစ်ပေးသွားမယ် " လို့ ဗိုလ်မှူးကြီးလှဦး ကပြောပါတယ်။

မြို့ဝင် မြို့ထွက် ဂိတ်တွေမှာ ယာဉ်လမ်းစည်းကမ်းတာဝန်ဆောင်ရွက်ရန်၊ စီစီတီဗီ လုံခြုံရေးကင်မရာတွေ စောင့်ကြည့်ရန် နဲ့ ယာဉ်လမ်းစည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကို အရေးယူဖို့အတွက်သာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယာဉ်ထိန်းရဲ နှစ်ဦးကို နေ့စဉ် အလည့်ကျ တာဝန်ပေး ဆောင်ရွက်ထားတာဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးလှဦး ကပြောပါတယ်။

" ဘာကြောင့်မေးရသလဲဆို ရှမ်းပြည်နယ် အစိုးရရုံးစိုက်တဲ့ မြို့အ၀င် မှာ အမြင်မသင့်တော်ပဲ ငွေကြေးကောက်ခံနေတာတွေရှိတယ်ဆိုပြီး ယာဉ်လုပ်ငန်းရှင်တွေက ငွေကြေးပေးဆောင်နေရတယ်ဆိုပြီး ကျွန်တော့်ကို အကူအညီတောင်းခံလာတယ်၊ အဲဒီအတွက် သက်ဆိုင်ရာဌာန၀န်ကြီးတွေ သိရှိဖို့ လွှတ်တော်မှာ မေးမြန်းရခြင်းဖြစ်တယ် " လို့ ကလောမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် (၂) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက် ကပြောပါတယ်။

တောင်ကြီးမြို့အ၀င် ထုံးဖိုဂိတ်မှ မြေပုံဂိတ် တောင်ကြီးမြို့အထွက် သစ်တောဂိတ်အထိ ဂိတ်စုစုပေါင်း ၅ ဂိတ်ခန့်ရှိတယ်လို့လည်း ဦးသန်းထိုက် ကပြောပါတယ်။

ဒုတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ၁၂ ကြိမ်မြောက်ပုံမှန် အစည်းအဝေး တတိယနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ မှာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး က ကြယ်ပွင့်ပြမေးခွန်း ၁၅ခု မေးမြန်းခဲ့ကြပါတယ်။

သတင်း - ခွန်ဆာ (ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တောင်ကြီးမြို့အဝင်​အထွက်​ ဂိတ်တွေမှာ ငွေတောင်းခံ ကောက်ခံမှုများ အရေးယူသွားမည်ဟုရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ပြော တောင်ကြီးမြို့အဝင်​အထွက်​ ဂိတ်တွေမှာ ငွေတောင်းခံ ကောက်ခံမှုများ အရေးယူသွားမည်ဟုရှမ်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ပြော Reviewed by THITHTOOLWIN on 22:10 Rating: 5
Powered by Blogger.