ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား


ဖားကန့် - ဒီဇင်ဘာ - ၂၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ၌ စာကျက်ရန်မီးထွန်းထားသည့် ဖယောင်းတိုင်မီး စောင်ကိုမီးစွဲ လောင်ရာမှ ကြမ်းခင်းကူးဆက်လောင်ကျွမ်းပြီး လူနေအိမ်များ ယမန်နေ့ည(၉)နာရီ (၅၀)မိနစ်ခန့်မှစတင်လောင်ကျွမ်းခဲ့ကြောင်း မိုးကောင်းမီးသတ်စခန်းမှတဆင့် သိရသည်။

လုံခင်းကျေးရွာ ရပ်ကွက်(၂)မှ အိမ်အမှတ် (၂/၄၂)အိမ်ရှင်ဒေါ်အဲ (ခ)ဒေါ်နှင်းရီ၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ၂၇ ပေ× ၁၈ပေ (၂)ထပ်လူနေအိမ်တစ်လုံးမှ စတင်လောင်ကျွမ်းခဲ့ပြီး ၄င်းရပ်ကွက်ရှိ အိမ်အမှတ်(၂/၄၁)နှင့်(၂/၄၃)၏သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ် အိမ်များ ဆက်လက်ဘောင်ကျွမ်းရာ ဖားကန့်မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ဇော်ဝင်းနှင့် လုံးခင်းနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစိုင်းစံထွန်း ဦးစီးသည့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မှောဆီစာ၊ သာယာကုန်း၊ ဆန်ခါ၊ မရှီကထောင်၊ မှော်ဝမ်း၊ နမ္မဖြစ်အရန်မီးသတ်များမှတပ်ဖွဲဝင်များ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဝိုင်းဝန်းကူညီမီးငြိမ်း သတ်မှုကြောင့် ည(၁၀)နာရီခွဲခန့်တွင် မီးလုံးဝငြိမ်းခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်ရှင် ဒေါ်နှင်းရီ(၄၅)နှစ်အား သက်ဆိုင်ရာနယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မိုးကောင်း၊( ပြန်/ဆက်)
https://www.facebook.com/MYANMAALINNNEWS/
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:23 Rating: 5
Powered by Blogger.