ဇီးပင်ကြီးစစ်တမ်းရေးတဲ့ဆရာဝန်ကို စစ်ဆေးခဲ့တဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေကို အရေးယူမယ်လို့ဆို

ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်
ဇီးပင်ကြီးစစ်တမ်း ရေးသားခဲ့တဲ့ ဆရာဝန်ကို ဌာနအတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့တဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် အပါအဝင် တာဝန်ရှိသူတွေကို ဝန်ထမ်း စည်းကမ်းနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဇီးပင်ကြီးစစ်တမ်း ရေးသားခဲ့တဲ့ သွားဖက်ဆိုင်ရာဆရာဝန် ဒေါက်တာစိုးသူရဇော်ကိုတော့ အရေးယူဖို့ မရှိဘူးလို့ ဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။

ဒေါက်တာစိုးသူရဇော်ဟာ အထက်မြန်မာပြည် ဇီးပင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်မှာ တက်ခဲ့တဲ့ အချိန်က တွေ့ကြုံခဲ့ရတာတွေကို ဇီပင်ကြီးစစ်တမ်းဆိုပြီး ဖေစ်ဘုတ်မှာ ရေးသားခဲ့လို့ဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနက ဌာနတွင်း စစ်ဆေးမှုပြုလုပ်ပြီး ထုချေလွှာတင်ဖို့ ညွှန်ကြားခံခဲ့ရတဲ့အပေါ် လုပ်ငန်းတူ ဆရာဝန်တွေအကြား ကန့်ကွက်မှုတွေ ထွက်လာခဲ့ပါတယ်။

ဌာနတွင်း စစ်ဆေးရေးလုပ်တဲ့ကိစ္စကို ဝန်ကြီး၊ ဒုဝန်ကြီးနဲ့ အတွင်းဝန်တွေ မသိခဲ့ဘဲ ဖေစ်ဘုတ်ကနေ ကန့်ကွက်မှုတွေ ထွက်ပေါ်လာမှသာ ဒီကိစ္စကို သိရတာ ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဒေါက်တာစိုးသူရဇော်ရဲ့ လုပ်ရပ်ဟာ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့အတိုင်း ရေးသားခဲ့တာဖြစ်လို့ သူကိုတော့ အရေးယူဖို့ မရှိတာလို့ ဝန်ကြီးက ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese
ဇီးပင်ကြီးစစ်တမ်းရေးတဲ့ဆရာဝန်ကို စစ်ဆေးခဲ့တဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေကို အရေးယူမယ်လို့ဆို ဇီးပင်ကြီးစစ်တမ်းရေးတဲ့ဆရာဝန်ကို စစ်ဆေးခဲ့တဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေကို အရေးယူမယ်လို့ဆို Reviewed by THITHTOOLWIN on 11:38 Rating: 5
Powered by Blogger.