ပဲခူးတိုင်း ဝေါမြို့တွင် ၉ တန်းကျောင်းသားတစ်ဦး ကြိုးဆွဲချ သေဆုံ


ပဲခူးခရိုင်၊ ဝေါမြို့၊ ချမ်းမြသာစည်ရပ်ကွက်နေ အသက် (၁၄) နှစ်အရွယ် (၉)တန်းကျောင်းသားတစ်ဦး မိဘက ပြင်ပတွင် အလုပ်လုပ်ခွင့်မပေးဘဲ ပညာသာသင်ခိုင်းခြင်းကြောင့် ကြိုးဆွဲချအဆုံးစီရင်သွားကြောင်း ဝေါမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

ဝေါမြို့အထက်တန်းကျောင်း၊ နဝမတန်းတွင် ပညာသင်ကြားနေသော အသက်(၁၄)နှစ်အရွယ်ကျောင်းသား သည် ဒီဇင်ဘာ ၁၁ ရက်၊ နံနက် ၁၀း၃၀ နာရီခန့်က နေအိမ်တွင် အမြင့် ၉ ပေရှိ သံထုပ်တန်း၌ ဝါယာကြိုးကွင်း လုပ်ကာ ပလတ်စတစ်ထိုင်ခုံဖြင့်တက်၍ လည်ပင်းတွင် ကြိုးကွင်းစွပ်ကာ အဆုံးစီရင်သွားကြောင်း သိရသည်။
“မိဘတွေက လက်လုပ်လက်စားတွေပါပဲ။ စီးပွားရေးအဆင်မပြေတော့ ကလေးက အပြင်မှာ အလုပ်လုပ်ချင် တယ်။ မိဘက ခွင့်မပြုဘူး၊ ကျောင်းမသွားတော့ မိဘကဆူတယ်။ မိဘတွေ အလုပ်သွားလုပ်နေတဲ့အချိန် နေအိမ်မှာ ဘယ်သူမှမရှိတုန်း ခုလို ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်သွားတာပါ။”ဟု ချမ်းမြသာစည် ရပ်ကွက်မှ ၎င်းတို့နှင့် အိမ်နီးနားချင်း တစ်ဦးက ပြောသည်။

အဆိုပါကျောင်းသား ကြိုးဆွဲချသေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် ရဲတပ်ဖွဲ့ဝင် များက စုံစမ်းစစ်ဆေးလျက်ရှိပြီး အမှတ်စဉ် (၂၁/၂၀၁၈) ဖြင့် သေမှုသေခင်းဖွင့်လှစ်ထားကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပဲခူးတိုင်း ဝေါမြို့တွင် ၉ တန်းကျောင်းသားတစ်ဦး ကြိုးဆွဲချ သေဆုံ ပဲခူးတိုင်း ဝေါမြို့တွင် ၉ တန်းကျောင်းသားတစ်ဦး ကြိုးဆွဲချ သေဆုံ Reviewed by THITHTOOLWIN on 21:21 Rating: 5
Powered by Blogger.