သံလမ်းဈေးအမှိုက်ပုံတွင် မွေးကင်းစကလေး တစ်ဦးစွန့်ပစ်မှုတွေ့ရှိ


မုံရွာ၊ ဒီဇင်ဘာ-၁၂

မုံရွာမြို့ အလယ်ရပ်ကွက်နှင့်ထန်းတော ရပ်ကွက်ကြား သံလမ်းဈေး အမှိုက်ပုံတွင် ယနေ့ည ၇ နာရီကျော် အချိန်က မွေးကင်းစ မိန်းကလေးငယ်တစ်ဦးစွန့်ပစ်ထားမှု တွေ့ရှိခဲ့ရသည်ဟု ထန်းတောရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညိုဝင်း ကပြောသည်။

"မယ်ဇလီပင်အောက်က တွေ့တာ ၊စတွေ့တဲ့ အမျိုးသမီးက အုပ်ချုပ်ရေးမှူးတွေကို အကြောင်း ကြားလို့ ကျွန်တော်တို့ ထန်းတောရပ်ကွက်ရုံးမှာခေါ်ထားပြီး အခု အိုးဘိုတောင် ကလေးဆေးရုံကြီးကိုပို့လိုက်ပါပြီ" ဟု ၄င်းကပြောသည်။

စွန့်ပစ်ခဲ့သော ကလေးငယ်၏ အနှီးတွင်မွေးဖွားသည့်နေ့ရက်အချိန်များကို ၈-၁၂-၁၈၊ည ၇နာရီ ၅၂ မိနစ်ဟုဖော်ပြထားသည်။ ၄င်းအပြင် နို့မှုန့်ဗူး နှင့် ကလေးအကျီ င်္၊တစ်ရှူးအသုးံအဆောင်များလည်းထည့်ပေးထားသည်ဟု ဆိုသည်။

ကလေးငယ်အား မွေးစားမည့်သူ နှစ်ဦးရပ်ကွက် ရုးံသို့လာရောက်ဆက်သွယ်ထားပြီး ထန်းတောရွာမရပ်မှ လူတစ်ဦးက ငွေကျပ်ငါးသောင်းလှူဒါန်းထားကြောင်းသိရသည်။

Monywa Gazette
https://www.facebook.com/monywagazette
သံလမ်းဈေးအမှိုက်ပုံတွင် မွေးကင်းစကလေး တစ်ဦးစွန့်ပစ်မှုတွေ့ရှိ သံလမ်းဈေးအမှိုက်ပုံတွင် မွေးကင်းစကလေး တစ်ဦးစွန့်ပစ်မှုတွေ့ရှိ Reviewed by THITHTOOLWIN on 02:11 Rating: 5
Powered by Blogger.