အဓမ္မခိုင်းစေမှု တရုတ်ငြင်းဆို

(Photo: China’s Ministry of Foreign Affairs) - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟွာချွန်ယင်း
တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်က ဝီဂါမွတ်စလင်တွေ နေထိုင်ရာဒေသမှာ အဓမ္မ အလုပ်ခိုင်းစေမှုတွေ ရှိနေတယ်ဆိုတဲ့ အမေရိကန်သတင်းမီဒီယာတွေရဲ့ ရေးသားချက်ကို တရုတ်အစိုးရက ငြင်းဆိုလိုက်ပါတယ်။

ဒီသတင်းရေးသားချက်တွေဟာ ဖျက်လိုဖျက်ဆီးသဘောနဲ့ လိမ်လည်တင်ပြထားတာသာ ဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချွန်ယင်းက ပြောပါတယ်။

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ် ထိန်းသိမ်းရေးစခန်းတွေမှာ ဝီဂါမွတ်ဆလင်တွေကို စက်ရုံတွေမှာ အထည်အလိပ်တွေ အဓမ္မချုပ်လုပ်ခိုင်းနေတယ်လို့ AP သတင်းဌာနက ရေးသားခဲ့တာပါ။ အဲဒီ အထည်အလိပ်တွေကို အမေရိကန်ပြည်ထောင်စုက အားကစားအဝတ်အစားကုမ္ပဏီတခုကို တင်ပို့ရောင်းချနေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ထိန်းသိမ်းရေးစခန်းတွေဟာ အဲဒီဒေသမှာနေထိုင်သူတွေကို ဆင်းရဲတွင်းကနေကယ်တင်ပေးနေတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်ဖို့ လေ့ကျင့်ပေးရာဌာနတွေဖြစ်တယ်လို့လည်း ဟွာချွန်ယင်းက ပြောပါတယ်။ အမေရိကန်ခေါင်းဆောင်ဟာ သူ့ရဲ့မကျေနပ်မှုကို မီဒီယာတွေနဲ့အတူ ထုတ်ဖော်တင်ပြနေတာပဲ ဖြစ်တယ်လို့လည်း ဟွာချွန်ယင်းက ပြောလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အဓမ္မခိုင်းစေမှု တရုတ်ငြင်းဆို အဓမ္မခိုင်းစေမှု တရုတ်ငြင်းဆို Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.