အဆိုတော် ရသ ပါ (၃) ဦးအား မူးယစ်ဆေးဝါး မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၁) နှစ် ချမှတ်


မန္တလေး ၂၈ ဒီဇင်ဘာ

အဆိုတော် ရသ (ရဲမင်းသိန်း) ပါ (၃) ဦးအား မူးယစ်ဆေးဝါးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၁) နှစ်ကျခံရန် မန္တလေးခရိုင်တရားရုံး က ဒီဇင်ဘာလ ၂၈ ရက်နေ့ ကအမိန့်ချခဲ့သည် ။

ယခုလို ချမှတ်ခံရမှုနဲ့ ပတ်သက်လို့ အဆိုတော် ရသက '' ကျတော်ကြိုက်လို့သုံးတယ် အဲဒီအတွက် တာဝန်ယူပါတယ်။ အခု ပုဒ်မ ၁၉ ရောင်းဝယ်ဖောက်ကားမှုနဲ့ပေါ့၊ တကယ်တမ်း ဟဲဗီးလုပ်နေတဲ့သူလည်း လုပ်နေတာပဲ ။ ရောက်မလာဘူးလေ။ သုံးတဲ့သူတွေပဲ ရောင်းဝယ်ဖောက်ကား မှုချနေတာပဲ အဲတာပဲပြောချင်ပါတယ်'' ဟု ပြောသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်၊ အောင်စေတနာလမ်း၊ ၄၉ လမ်း နှင့် လမ်း ၅၀ လမ်းကြားရှိ ``နန်းထိုက်ပန်´´ ဧည့်ရိပ်မွန်တွင် သြဂုတ်လ ၁၄ ရက်နေ့က သတင်းအရဝင်ရောက် ရှာဖွေရာမှ ရဲမင်းသိန်း(ခ) ရသ၊ မျိုးတင့်နှင့် ခေမီ(ခ) ဗာတားမီးတို့ (၃) ဦးအား စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅၅ ပြား နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည် ။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
အဆိုတော် ရသ ပါ (၃) ဦးအား မူးယစ်ဆေးဝါး မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၁) နှစ် ချမှတ် အဆိုတော် ရသ ပါ (၃) ဦးအား မူးယစ်ဆေးဝါး မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၁) နှစ် ချမှတ် Reviewed by THITHTOOLWIN on 16:40 Rating: 5
Powered by Blogger.