သထုံမြို့နယ်အတွင်း တစ်ညတည်းမှာပင် ယာဉ်တိုက်မှု ၂ ကြိမ်ဖြစ်ပွားပြီး ၃ ဦးသေဆုံ


မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဒီဇင်ဘာ ၁၀ ရက်ညပိုင်းက တစ်ညတည်းမှာပင် ယာဉ်တိုက်မှု ၂ ကြိမ်ဖြစ် ပွားခဲ့ရာ ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သထုံမြို့မ ရဲစခန်းက သိရှိရသည်။

"ဖြစ်တာက နောင်ဘိုကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးမှာရပ်စောင့်နေတဲ့ ကလေးနဲ့ကလေးအမေကို ကားကဝင်တိုက်တာ၊ ၂ ဦး စလုံးသေသွားတယ်။ နောက်တစ်မှုက ဘားအံ-သထုံကားလမ်းပေါ်မှာဖြစ်တာ၊ ဆိုင် ကယ် ၂ စီး တိုက်မိတာ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရတယ်။''ဟု သထုံမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၀ ရက် ည ၈း၀၀ နာရီခန့်တွင် နောင်ဘိုကျေးရွာ၊ အနန်းကုန်းပိုင်း၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမ ဘေးတွင် တောင်ကြားနေသူ မဖြူဖြူသင်း(၃၃)နှစ်သည် သားဖြစ်သူ မောင်ထူးအောင်လင်း (၂)နှစ် အရွယ်ချီပိုး ၍ အမျိုးသားဖြစ်သူအား စောင့်ဆိုင်းနေစဉ် သထုံဘက်မှ ရန်ကုန်ဘက်သို့ မကွေးတိုင်းဒေသကြီးနေ ရန်မျိုးအောင် (၂၄)နှစ် မောင်းလာသော ပရိုဘောက်အဖြုရောင်ယာဉ်က ဝင်တိုက်မိသဖြင့် မဖြူဖြူသင်းမှာ ရရှိ ဒဏ်ရာများဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး သားဖြစ်သူမှာ ဆေးရုံသို့ပို့ဆောင်စဉ်တွင် သေဆုံးခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာ ၁၀ ရက် ည ၁၀း၀၀ နာရီခန်တွင် ဘင်လှိုင်ရပ်ကွက်၊ သထုံ-ဘားအံ ကားလမ်းပေါ်တွင် ဘားအံဘက်မှ သထုံဘက်သို့ ပေါင်မြို့နယ်နေ ဇာနည်ထွန်း (၃၅)နှစ် မောင်းနှင်ပြီး အနောက်မှ ဇင်သူအောင် (၂၆)နှစ်လိုက်ပါ လာသော ဆိုင်ကယ်အား သထုံဘက်မှ ဘားအံဘက်သို့ သထုံမြို့နေသူ မောင်မောင်(၂၉)နှစ် မောင်းလာသော ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဆိုင်ကယ်မောင်းနှင်သူ မောင်မောင်မှာ အခင်း ဖြစ်ပွားရာနေရာတွင် ရရှိဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး ဇာနည်ထွန်းနှင့် ဇင်သူအောင်မှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်များနှင့်ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်၍ လမ်းဘေးရပ်နေသူအား ဝင်တိုက်ပြီး သေဆုံးစေသူ ရန်မျိုးအောင်အား သိမ်ဆိပ်နယ်မြေရဲစခန်းက ယာဉ် (ပ)၂၈ /၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)အရလည်း ကောင်း၊ ဆိုင်ကယ်မောင်း မောင်မောင်အား သထုံမြို့မ ရဲစခန်းက ယာဉ်(ပ)၇၃/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က)/ ၃၃၇ အရ အမှုဖွင့်ထားကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper
သထုံမြို့နယ်အတွင်း တစ်ညတည်းမှာပင် ယာဉ်တိုက်မှု ၂ ကြိမ်ဖြစ်ပွားပြီး ၃ ဦးသေဆုံ သထုံမြို့နယ်အတွင်း တစ်ညတည်းမှာပင် ယာဉ်တိုက်မှု ၂ ကြိမ်ဖြစ်ပွားပြီး ၃ ဦးသေဆုံ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.