ရုရှားမှာ အသံထက်ပိုမြန်သလို နျူကလီးယားတပ်ဆင်နိုင်မယ့် ဒုံးကျည်တစ်မျိုးကို စမ်းသပ်နိုင်

ရုရှားမှာ အသံထက်ပိုမြန်သလို နျူကလီးယားတပ်ဆင်နိုင်မယ့် ဒုံးကျည်တစ်မျိုးကို စမ်းသပ်နိုင်ပြီ
ရုရှားနိုင်ငံမှာ လာမယ့်နှစ်မှာ စတင်ဖြန့်ကြက် တပ်ဆင်မယ့် အသံထက်ပိုမြန်သလို နျူကလီးယားလည်း တပ်ဆင်နိုင်မယ့် Avangard ဒုံးကျည်တစ်မျိုးကို စမ်းသပ်နိုင်ပြီလို့ ဆိုပါတယ်။

နျူကလီးယား တပ်ဆင်နိုင်မယ့် ဒုံးကျည်တစ်မျိုး နောက်ဆုံးအဆင့် စမ်းသပ်မှုကို ကြည့်ရှုခဲ့တယ်လို့ ရုရှားသမ္မတ ပူတင်ကလည်း ပြောလိုက်ပါတယ်။

ဒီလက်နက်ဟာ လက်ရှိအသုံးပြုနေကြတဲ့ ဒုံးကျည်တွေ ကာကွယ်ရေးစနစ် သာမက နောက်မျိုးဆက် ဒုံးကျည်ကာကွယ်ရေး စနစ်ကိုပါ ထိုးဖောက်နိုင်မယ်လို့ သမ္မတ ပူတင်က ပြောပါတယ်။

Avangard ဒုံးကျည်ကို Ural တောင်တန်းတွေကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ကီလိုမီတာ ၆၀၀၀ အကွာက ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ မော်စကိုက ပြောပါတယ်။

ဒါပေမယ့် ဒီစမ်းသပ်မှုဟာ မတ်လတုန်းက သမ္မတပူတင် ပြောထားတဲ့ အရင်တစ်ခေါက် စမ်းသပ်အောင်မြင် ထားတယ်ဆိုတဲ့ ဒုံးကျည်စနစ်နဲ့ အတူတူလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

BBC Burmese
https://www.bbc.com/burmese
ရုရှားမှာ အသံထက်ပိုမြန်သလို နျူကလီးယားတပ်ဆင်နိုင်မယ့် ဒုံးကျည်တစ်မျိုးကို စမ်းသပ်နိုင် ရုရှားမှာ အသံထက်ပိုမြန်သလို နျူကလီးယားတပ်ဆင်နိုင်မယ့် ဒုံးကျည်တစ်မျိုးကို စမ်းသပ်နိုင် Reviewed by THITHTOOLWIN on 11:55 Rating: 5
Powered by Blogger.