ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ ယာဉ်အားဝင်တိုက် ဆိုင်ကယ်မောင်းနှင်သူ သေဆုံး


လှည်းကူး ဒီဇင်ဘာ ၂၀

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ ဒီဇင်ဘာ ၁၈ ရက် နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်က ၎င်းရှေ့ရှိယာဉ်အား ကျော်တက်စဉ် ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ ယာဉ်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှည်းကူး-ဖောင်ကြီးလမ်းအတိုင်း ဖောင်ကြီးဘက်မှ လှည်းကူးဘက်သို့ ဆိုင်ကယ်စီးမောင်းသူ အမည်မသိ အသက်(၂၅)နှစ်ခန့်၊ အမျိုးသားတစ်ဦး နေရပ်လိပ်စာ (စုံစမ်းဆဲ) စီးမောင်းသော ၂၅ယ/----- KENBO စိမ်းပုတ်ရောင် ဆိုင်ကယ်သည် စခန်းကြီးကျေးရွာ မိုင်တိုင် အမှတ်(၁/၅)နှင့် (၁/၆)ကြား အရောက်တွင် ၎င်းရှေ့ရှိယာဉ်တစ်စီးအား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ကြောရှိ ယာဉ်ကြောမှန်တိုင်း မောင်းနှင်လာသော ယာဉ်မောင်း ချမ်းငြိမ်းစိန်(၂၅)နှစ် နှင်းဆီလမ်းသွယ်၊ (၄)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်နေသူ မောင်းနှင်လာသော 6D/-----TOYOTA FIELDER အနီရောင်ယာဉ်နှင့် တိုက်မိခဲ့သဖြင့် ဆိုင်ကယ်နှင့်ယာဉ်ပျက်စီးပြီး ဆိုင်ကယ်စီးမောင်းသူ အမည်မသိ အသက်(၂၅)နှစ်ခန့်၊ အမျိုးသားတွင် နဖူးပွင့်ထွက်၊ နှာခေါင်းသွေးထွက်၊ အပေါ်/အောက် နှုတ်ခမ်းပေါက်ပြဲ၊ စည်းခုံပေါက်ပြဲ၊ ဝဲပေါင်ဖုရောင် ဒဏ်ရာများရရှိကာ လှည်းကူးဆေးရုံတွင် သေဆုံးသွား ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင်ပေါ့လျော့စွာ မောင်းနှင်သူ အမည်မသိ၊ အသက်(၂၅)နှစ်ခန့်၊ အမျိုးသား နေရပ်လိပ်စာ(စုံစမ်းဆဲ)အား လှည်းကူးမြို့မရဲစခန်းက ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ ယာဉ်အားဝင်တိုက် ဆိုင်ကယ်မောင်းနှင်သူ သေဆုံး ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ ယာဉ်အားဝင်တိုက် ဆိုင်ကယ်မောင်းနှင်သူ သေဆုံး Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.