အုတ်ကျင်းကျေးရွာ လယ်တော၌ ဖဲရိုက်နေသည့် အမျိုးသားသုံးဦး အမျိုးသမီးကိုးဦးကို ဖမ်းဆီးအမှုဖွင့်


မိုးကောင်း- ဒီဇင်ဘာ ၁၀

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အုတ်ကျင်းကျေးရွာအနီး လယ်တောထဲ၌ ဒီဇင်ဘာ ၉ ရက် ညနေ ၄ နာရီက ဖဲရိုက်လောင်းကစားနေသည့် အမျိုးသားသုံးဦး အမျိုးသမီးကိုးဦး ဖမ်းဆီးအမှုဖွင့်ခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက မိုးကောင်းမြို့နယ် အုတ်ကျင်းကျေးရွာ၏အနောက်ဖက် တစ်ဖာလုံခန့်အကွာရှိ လယ်ကွင်းခြုံစပ်တွင် ဖဲရိုက်လောင်းကစားနေသည့် သတင်းအရ မိုးကောင်းမြို့မရဲစခန်းမှ ရဲအုပ်ခင်မောင်ထွေး ဦးစီးရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ရှာဖွေဖမ်းဆီးရာ အုတ်ကျင်းကျေးရွာနေ ဝင်းမြင့်(၄၇)နှစ်၊ဝေဇင်လင်း(၂၄)နှစ်၊တင်ဇော်ဇော်(ခ)ဖိုးစံ(၂၅)နှစ်၊မစန္ဒာဝင်း(၃၁)နှစ်၊မမြမြစန်း(၃၅)နှစ်တို့မှာ ဖဲရိုက်လောင်းကစားနေပြီး မမိုးမိုးမြင့်(၂၇)နှစ်၊ဒေါ်ရီမြ(၅၀)နှစ်၊မခင်ဌေးပို(၃၂)နှစ်၊ဒေါ်နွဲ့(၅၀)နှစ်၊မနှင်းနှင်းဝေ(၄၂)နှစ်၊မသူဇာသင်း(၂၅)နှစ်၊မခင်မာကြည်(၄၄)နှစ်တို့မှာ ထိုးသားအဖြစ် ဖဲရိုက်လောင်းကစားနေသည်ကို တွေ့ရှိရကာ ဖဲဝိုင်းအတွင်းမှ အနီရောင်ဖဲချပ် ၄၆ ချပ်၊Playing Cards တံဆိပ်ပါ ဖဲချပ် ၅၈ ချပ်နှင့်အတူ အလယ်ပုံလောင်းကြေး ၂၄၀၀ ကျပ်၊ဝင်းမြင့်၏ အင်္ကျီအိပ်ကပ်အတွင်းမှ ငွေကျပ် ၅၃၀၀၊ဝေဇင်လင်းထံမှ ၄၀၀၀ ကျပ်၊မစန္ဒာဝင်း၏ လက်ထဲမှ ၇၀၀၀ ကျပ်၊တင်ဇော်ဇော်(ခ)ဖိုးစံထံမှ ၈၀၀၀ ကျပ်၊မမိုးမိုးမြင့်ထံမှ ၂၁၆၀၀ ကျပ်၊ဒေါ်နွဲ့ထံမှ ၂၂၀၀ ကျပ်၊မသူဇာသင်းထံမှ ၂၅၀၀ ကျပ် စုစုပေါင်း ငွေကျပ် ၅၃၀၀၀ ကျပ်အား သိမ်းဆည်းရမိခဲ့သည်။

၎င်းတို့၏ စစ်ဆေးပေါ်ပေါက်မှုအရ တစ်ဦးထွက်ပါက တစ်ဦးဝင်စနစ်ဖြင့် အလှည့်ကျဖဲရိုက်လောင်းကစားနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ အဆိုပါဖဲရိုက်လောင်ကစားမှုကျူးလွန်သူ အမျိုးသားသုံးဦး အမျိုးသမီးကိုးဦးကို မိုးကောင်းမြို့မရဲစခန်းတွင် (ပ)၁၇၃/၂၀၁၈၊လောင်းကစားပုဒ်မ-၁၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media
အုတ်ကျင်းကျေးရွာ လယ်တော၌ ဖဲရိုက်နေသည့် အမျိုးသားသုံးဦး အမျိုးသမီးကိုးဦးကို ဖမ်းဆီးအမှုဖွင့် အုတ်ကျင်းကျေးရွာ လယ်တော၌ ဖဲရိုက်နေသည့် အမျိုးသားသုံးဦး အမျိုးသမီးကိုးဦးကို ဖမ်းဆီးအမှုဖွင့် Reviewed by THITHTOOLWIN on 12:05 Rating: 5
Powered by Blogger.