ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ ရိုဟင်ဂျာစခန်းတွေ ၃ ရက်ပိတ်ထားမည်

(ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုတုပလောင် ဒုက္ခသည်စခန်းကို တွေ့ရစဉ်) Photo: DIBYANGSHU SARKAR / AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနင်္ဂနွေနေ့ ကျင်းပမယ့် ရွေးကောက်ပွဲတွေရဲ့လုံခြုံရေးအတွက် ကော့ဇ်ဘဇားဒေသမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို လာမယ့် စနေနေ့ကစပြီး ၃ ရက်ကြာ ပိတ်ထားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲတွေမှာ ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိအောင် အဲဒီ ဒုက္ခသည်တွေကို စခန်းအပြင်ထွက်ခွင့်ပြုမှာ မဟုတ်သလို NGO ကူညီကယ်ဆယ်ရေး အဖွဲ့အစည်း ဝန်ထမ်းတွေကိုလည်း အရေးပေါ်ကိစ္စကလွဲပြီး ဝင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ရေးရာ ကော်မရှင်မင်းကြီး အဘူ ကလမ်း ကပြောပါတယ်။

ဒုက္ခသည်စခန်းတွေမှာ အဲဒီရက်ပိုင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား ၄၅ဝ ကျော်ကို တာဝန်ချထားမယ်လို့လည်း ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ