မြိတ်ကျွန်းများအပန်းဖြေခရီးသွားအမြန်ရေယာဉ် နစ်မြုပ်မှုကြောင့် ခရီးသွားအမျိုးသမီး ၂ဦးသေဆုံး


မြိတ် ဒီဇင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဒီဇင်ဘာလ(၂၃)ရက်၊ မွန်းလွဲ(၂)နာရီက ထူးတက်ရှိန်ခရီးသွားလုပ်ငန်း ကုမ္ပဏီပိုင် ကျွန်းခရီးသွား Speed boat (အမြန်ရေယာဉ်) တစ်စီး နစ်မြှပ်ပြီး ခရီးသွားဧည့်သည် အမျိုးသမီး(၂)ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့နှင့် တခြားမြို့များမှ မြိတ်ကျွန်းစုသို့လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည် အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၇)ဦးတင်ဆောင်ပြီး လှေသား(၂)ဦး လိုက်ပါ၍ ပဲ့နင်းဦးစိုးအောင်မောင်းနင်သည့် ထူးတက်ရှိန် ခရီးသွားလုပငန်းကုမ္ပဏီပိုင် Speed boat သည် ကျွန်းစုမြို့နယ်၊ ရေမြစ်ကြီးကျေးရွာ အုပ်စု၊ နေကြာအော်ကျေးရွာ အရှေ့ဘက် ပင်လယ်ပြင်၌ ယနေ့မွန်းလွဲ(၂)နာရီခန့်က ခုတ်မောင်းနေစဉ် သစ်တုံးတိုက်မိနစ်မြုပ်သွားခဲ့ ကြောင်း သိရသည်။


လှေနစ်မြုပ်မှုကြောင့် လှေပေါ်ပါသူ များအနက် ဒေါ်ကြင်စု(ခ)ဒေါ်ခင်ချို အသက်(၆၆)နှစ်(စက်မှုဇုံ-၁) မန္တလေးမြို့ နှင့် ဒေါ်ခင်ဆောင်းတင် အသက်(၆၆)နှစ် ၊ ညောင်တုန်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန် မြို့ နေထိုင်သူတို့ ၂ဦး သေဆုံးခဲ့ပြီး သေဆုံးသူများ ၏ ရုပ်အလောင်းအား မြိတ်မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ သယ်ယူပို့ဆောင်ပေးခဲ့ကြကာ ၎င်းလှေနစ်မြုပ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ တာဝန်ရှိသူများအား စီစစ်အရေးယူ ခြင်းများကိုဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news
မြိတ်ကျွန်းများအပန်းဖြေခရီးသွားအမြန်ရေယာဉ် နစ်မြုပ်မှုကြောင့် ခရီးသွားအမျိုးသမီး ၂ဦးသေဆုံး မြိတ်ကျွန်းများအပန်းဖြေခရီးသွားအမြန်ရေယာဉ် နစ်မြုပ်မှုကြောင့် ခရီးသွားအမျိုးသမီး ၂ဦးသေဆုံး Reviewed by THITHTOOLWIN on 10:29 Rating: 5
Powered by Blogger.