ဘားအံ-သထုံကားလမ်းတွင် ဘေးတွဲဆိုင်ကယ်တစ်စီး မြောင်းထဲထိုးကျ နှစ်ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံး


ဘားအံ ဒီဇင်ဘာ ၃၀

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ဒီဇင်ဘာ ၃၀ ရက် နံနက်က ဘေးတွဲဆိုင်ကယ်တစ်စီးမှာ တံတားပြုပြင် နေသဖြင့် ကာရန်ထား သော အချက်ပြတိုင်များကို ဝင်တိုက်၍ ဘေးတွဲဆိုင်ကယ်မှာ တံတားမြောင်းအတွင်းပြုတ်ကျတိမ်းမှောက်ခဲ့သဖြင့် ဘေးတွဲဆိုင်ကယ်ပေါ် လိုက်ပါလာသော အမျိုးသမီးသုံးဦးအနက် နှစ်ဦးဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃၀ရက်နေ့ နံနက် ၅နာရီ ၄၅မိနစ်အချိန်က ဘားအံ-သထုံကားလမ်းအတိုင်း ဘားအံဘက်မှ သထုံဘက်သို့ ရဲမင်းနိုင် မောင်းနှင်ပြီး ဒေါ်ပိန်၊ ဒေါ်ဂွက်ထော်နှင့် ဒေါ်ချိုကြီး တို့ လိုက်ပါလာသော ဘေးတွဲဆိုင်ကယ်သည် ဘားအံမြို့နယ် မြိုင်ကလေးရွာကြီးကျေးရွာအနီး တံတားအမှတ် ၁/၂အရောက်တံတား ပြုပြင်နေ၍ တားဆီးကာရန်ထားသော အချက်ပြတိုင်များကို ဝင်ရောက်တိုက်မိပြီး အကျယ် ၁၀ ပေ အနက် ၅ပေ ၆ လက်မရှိသော တံတားမြောင်းအတွင်းသို့ ပြုတ်ကျ တိမ်းမှောက်ခဲ့သဖြင့် ဘေးတွဲဆိုင်ကယ်မောင်းသူ ရဲမင်းနိုင်တွင် ဒဏ်ရာရရှိခြင်းမရှိသော်လည်း ဘေးတွဲဆိုင်ကယ်ပေါ် လိုက်ပါလာသည့် ဒေါ်ခင်လှနှင့် ဒေါ်စန်းအေးတို့နှစ်ဦးတွင် မစိုးရိမ်ရ ဒဏ်ရာများနှင့် ဒေါ်ချိုကြီးမှာ အပြင်းအထန်ဒဏ်ရာများ ရရှိခဲ့၍ အခင်းဖြစ်ရပ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘေးတွဲဆိုင်ကယ်မောင်းသူ ရဲမင်းနိုင် ၂၅ နှစ်၊ အောင်နန်း (၄)လမ်း ၊ အမှတ် (၅ )ရပ်ကွက်၊ ဘားအံမြို့နေ သူအား ဘားအံမြို့မရဲစခန်းတွင် ယာဉ်(ပ)၇၃/၂၀၁၈ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇တို့ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘားအံ-သထုံကားလမ်းတွင် ဘေးတွဲဆိုင်ကယ်တစ်စီး မြောင်းထဲထိုးကျ နှစ်ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံး ဘားအံ-သထုံကားလမ်းတွင် ဘေးတွဲဆိုင်ကယ်တစ်စီး မြောင်းထဲထိုးကျ နှစ်ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.