ဝေါမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ကျောင်းဆရာမ ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရရှိ


၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ ၀၆၃၀ အချိန် ဝေါမြို့နယ်၊ ကသစ်ဝိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင် (၇၆/၇)နှင့် (၇၇/၀)ကြား၌ ယာဉ်တိုက်မှုကြောင့် ကျောင်းဆရာမ ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရပါသည်။

 ဝေါမြို့နယ်ဘက်မှ ကျိုက်ထို မြို့နယ်ဘက်သို့ ဇင်လင်းထွဋ်(၂၅)နှစ်(၅)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်နေသူမောင်းနှင်လာ သော 7F/×××× Toyota Hiace ယာဉ်သည် လားရာတူရှေ့မှ မဆွေဇင်ဝင်း(၂၄)နှစ်၊ ဗမာ/ဗုဒ္ဓ၊ မူပြ၊ (ဘ)ဦးကြင်ဟန်၊ မြစ်ကျိုးကျေးရွာ၊ ဝေါမြို့နယ်နေသူမောင်းနှင်ပြီး တစ်ရွာတည်းနေ ဒေါ်သက်သက်မာ (၄၀)နှစ်လိုက်ပါလာသည့် ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ ခဲ့ခြင်း ဖြစ်သည်။


 မဆွေဇင်ဝင်းတွင် နှာခေါင်း/ ဝမ်းဗိုက်/ ခြေထောက် ပေါက်ပြဲသွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဒေါ်သက်သက်မာတွင် နဖူးပွန်း၊ ဝဲ/ယာ လက်/ခြေ ပွန်းပဲ့ဒဏ်ရာ များ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် သေဆုံး/ဒဏ်ရာ ရရှိသူများအား ဝေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 ဇင်လင်းထွဋ်(၂၅)နှစ်အား ဝေါမြို့မရဲစခန်း ယာဉ်(ပ)၄၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

ဝေါမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ကျောင်းဆရာမ ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရရှိ ဝေါမြို့နယ်၌ ယာဉ်တိုက်မှုကြောင့် ကျောင်းဆရာမ ၁ ဦး သေ၊ ၁ ဦး ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 21:16 Rating: 5
Powered by Blogger.