လှိုင်သာယာမြို့နယ်တွင် လူသတ်မှုပြစ်ကျူးလွန်သူများအား မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ


ရန်ကုန် ၄ ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ကုလားကြီးစုကျေးရွာ ကျောင်းလမ်းနေ မ ------ သည် နိုဝင်ဘာ ၄ ရက် ညပိုင်းက နေအိမ်တွင်ရှိနေစဉ် တစ်ရပ်တည်းနေ စနေထွန်း ရောက်ရှိလာပြီး ခင်ပွန်းဖြစ်သူ ကိုမျိုးမင်းထွန်း ဓားထိုးခံရကြောင်း ပြောပြသဖြင့် သွားရောက်ကြည့်ရှုရာ နတ်မောက်လမ်း ဆိုက်ကားဂိတ်တွင် ကိုမျိုးမင်းထွန်းမှာ ယာဆီးခုံ၊ ယာပေါင်တွင် ထိုးသွင်းဒဏ်ရာ နှစ်ချက်နှင့် ဦးတင်လတ်မှာ ဝဲရင်ဘတ်၊ ယာနံစောင်း ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ မေးစေ့ပြတ်ရှတ်ဒဏ်ရာတို့ ရရှိပြီး အသီးသီးလဲကျ သေဆုံးနေသည့်ကို တွေ့ရသဖြင့် ပတ်ဝန်းကျင်အား မေးမြန်းရာ လူလေးဦးမှ ဓားဖြင့်ထိုးသွားကြောင်း သိရှိရသဖြင့် အရေးယူပေးပါရန် သောင်းကြီး နယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ အမှုမှ ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ လူငယ်(၄)ဦးသည် အခင်းဖြစ်နေ့က ဆိုင်ကယ်နှစ်စီးဖြင့် နတ်မောက်လမ်းအတိုင်း မောင်းနှင်သွားကြောင်း စုံစမ်းသိရှိရသည်။

စုံစမ်းသိရှိချက်အရ မျိုးမင်းထွန်းနှင့် ယခင်က ရန်စရှိခဲ့သော ဝေယံနောင် (ခ) ကတုံး၊ မောင်မောင်ကျော် (ခ) ကျော်ကြီး၊ ထွန်းထွန်းအောင် (ခ) ထွန်းအောင်နှင့် အမည်မသိ လူငယ်တစ်ဦးတို့မှ ကျူးလွန်ခဲ့ကြပြီး ၎င်းတို့(၄)ဦးအနက် ထွန်းထွန်းအောင် (ခ) ထွန်းအောင်နှင့် နေလွင်ထွဋ် (ခ) အညားတို့နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ တိမ်းရှောင်နေသူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသော ပြစ်ကျူးလွန်သူနှစ်ဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

MDN
https://www.facebook.com/MyanmarDigitalNews
လှိုင်သာယာမြို့နယ်တွင် လူသတ်မှုပြစ်ကျူးလွန်သူများအား မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ လှိုင်သာယာမြို့နယ်တွင် လူသတ်မှုပြစ်ကျူးလွန်သူများအား မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 23:03 Rating: 5
Powered by Blogger.