ယာဉ်မဆင်မခြင်မောင်းနှင်၍ တစ်ဖက်ယာဉ်ကြောရှိယာဉ်အား မျက်နှာချင်းဆိုင် တိုက်မိရာမှ ယာဉ်ပေါ်ပါတစ်ဦး အသက်ဆုံးရှုံး


ပေါင် - ဒီဇင်ဘာ ၂၀

ပေါင်မြို့နယ် ပန်းကုန်းကျေးရွာ အမှတ်(၂)ရပ်ကွက်၊ရန်ကုန် -မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၆၅/၆)၌ ဒီဇင်ဘာ ၁၉ရက်နေ့ ည(၇း၃၀)အချိန်တွင်ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်မှာ ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ၊ အမှတ်(၂)ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်(၁၆၅/၆)အနီးတွင် သထုံဘက်မှ ပေါင်ဘက်သို့ ဦးသန်းအေး၊ ၅၃နှစ်၊ ဗိုလ်တေဇ (၂)လမ်း၊ မြို့မ(၄)ရပ်ကွက်၊ မုဒုံမြို့နေသူ မောင်းနှင်လာသော DD/---- mazda familiaVY12 အဖြူရောင်ယာဉ်အား ပေါင်မြို့မှ သထုံမြို့ဘက်သို့ စိန်ဝင်း၊ ၃၆နှစ်၊ သဗြုချောင်ကျေးရွာ၊ ပေါင်မြို့နယ် နေသူမောင်းနှင်လာသော နံပါတ်မပါ ထော်လာဂျီအပြာရောင်ယာဉ်မှ တစ်ဖက်ယာဉ်ကြောသို့ ဝင်ရောက်ပြီး မျက်နှာချင်းဆိုင်တိုက်မိ ခဲ့သဖြင့် ထော်လာဂျီယာဉ်အားမောင်းနှင်လာသူ စိန်ဝင်းမှာ ယာလက်မောင်းပွန်းပဲ့ဒဏ်ရာ၊ ဝဲခါးနာကျင်ဒဏ်ရာ၊(အတွင်းလူနာ-မစိုးရိမ်ရ)၊ ၎င်းထော်လာဂျီယာဉ်တွင်လိုက်ပါစီးနင်းလာသူ ဦးမြညွန့်၊ ၄၂နှစ်၊(၁၅)ရပ်ကွက်၊ ပန်းကုန်းကျေးရွာနေသူမှာ ယာဒူးပွန်းပဲ့ဒဏ်ရာ၊ နှာခေါင်းသွေးယိုနှင့်ဝဲမျက်ခုံးဖူးရောင် ဒဏ်ရာများရရှိခဲ့၍ အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ပြီး ယာဉ်အမှတ်-DD/---- ယာဉ်အားမောင်းနှင်လာသူ ဦးသန်းအေးတွင် အပေါ်နှုတ်ခမ်းပွန်းပဲ့ဒဏ်ရာ၊ ဝဲလက်ဖျံပွန်းပဲ့ဒဏ်ရာ၊ ဝဲဒူးအသားလန်ပေါက်ပြဲဒဏ်ရာ၊ ရင်ဘက်နာကျင်ဒဏ်နှင့် ၎င်းယာဉ်ပေါ်လိုက်ပါစီးနင်းလာသူများဖြစ်သည့် ဒေါ်ယဉ်မြင့်၊ ၅၀နှစ်၊မုဒုံမြို့နေသူတွင် နဖူးတစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ဝဲမျက်ခမ်းစပ်ပွန်းပဲ့ဒဏ်ရာ၊ ဝဲခြေထောက်နာကျင်ဒဏ်ရာ၊ မသဇင်ဦး၊ ၂၇နှစ်၊ မုဒုံမြို့နေသူတွင် ဝဲဒူးပေါက်ပြဲဒဏ်ရာ၊ ဝဲလက်ဖဝါးပေါက်ပြဲဒဏ်ရာ၊ များအသီးသီးရရှိခဲ့သဖြင့် ပေါင်မြို့ပြည်သူ့ဆေးရုံသို့ မစိုးရိမ်ရအတွင်းလူနာများအဖြစ် ကုသခံယူထားကြောင်းသိရသည်။

သို့ဖြစ်ပါ၍ ထော်လာဂျီယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး တစ်ဖက်ယာဉ်ကြောရှိ ယာဉ်အားမျက်နှာချင်းဆိုင် ဝင်ရောက် တိုက်မိပြီး သေဆုံးဒဏ်ရာများရရှိအောင် ပြုလုပ်သူ စိန်ဝင်းအား ပေါင်မြို့မရဲစခန်းတွင်၂၀၁၈ခု ဒီဇင်ဘာ ၁၉ ရက်နေ့၌ အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဇင်မျိုးသူ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ယာဉ်မဆင်မခြင်မောင်းနှင်၍ တစ်ဖက်ယာဉ်ကြောရှိယာဉ်အား မျက်နှာချင်းဆိုင် တိုက်မိရာမှ ယာဉ်ပေါ်ပါတစ်ဦး အသက်ဆုံးရှုံး ယာဉ်မဆင်မခြင်မောင်းနှင်၍ တစ်ဖက်ယာဉ်ကြောရှိယာဉ်အား မျက်နှာချင်းဆိုင် တိုက်မိရာမှ ယာဉ်ပေါ်ပါတစ်ဦး အသက်ဆုံးရှုံး Reviewed by THITHTOOLWIN on 21:18 Rating: 5
Powered by Blogger.