အမ်းနှင့် မြောက်ဦးတွင် တစ်နေ့တည်း၌ မီးလောင်၍ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ် ၂ လုံး ပျက်စီး


မြောက်ဦး၊ ဒီဇင်ဘာ ၃၁၊ ၂၀၁၈။

ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် တစ်နေ့တည်း၌ မီးလောင်၍ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။

မီးလောင်မှုသည် အမ်းမြို့နယ် ဟင်းရွက်မော်ကျေးရွာနှင့် မြောက်ဦးမြို့နယ် သဘာဝကျေးရွာတို့တွင် ဒီဇင်ဘာလ ၃ဝ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


အမ်းမြို့နယ် ဟင်းရွက်မော်ကျေးရွာတွင် ယင်းနေ့ နံနက် ၇ နာရီအချိန်က ဘုန်းကြီးကျောင်းသား(၂)ဦး ဆေးလိပ်ခိုးသောက်ကာ အိပ်ရာဘေးတွင်ချထားခဲ့ရာမှတစ်ဆင့် ခေါင်းအုံးသို့စတင်မီးကူးစက်လောင်ကျွမ်း၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အလျား(၄၀)ပေ အနံ(၃၀)ပေ၊ အမြင့်(၁၅)ပေရှိ (၁)ထပ် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ဘုန်းကြီးကျောင်း(၁)လုံး မီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

အလားတူ ယင်းနေ့ ညနေ ၆ နာရီခွဲအချိန်တွင် မြောက်ဦးမြို့နယ် သဘာဝကျေးရွာတွင် မိဘနှင့်သား စကားများရာမှ ဂက်(စ်)မီးခြစ်ဖြင့် နေအိမ်ခေါင်မိုးအဖီအား မီးရိုးခဲ့သဖြင့် မီးစတင်လောင်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း(၁၂×၉×၁၄)ပေ၊ နေအိမ်(၁)လုံး၊၊ ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း(၁၂×၉×၁၅)ပေ၊ နေအိမ်(၁)လုံး၊ စုစုပေါင်းနေအိမ်း(၂)လုံး ဆုံးရူံးခဲ့ကြောင်း သိရသည်။

မောင်စပ်စု
Central News Myanmar
https://www.facebook.com/CNMyanmar
အမ်းနှင့် မြောက်ဦးတွင် တစ်နေ့တည်း၌ မီးလောင်၍ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ် ၂ လုံး ပျက်စီး အမ်းနှင့် မြောက်ဦးတွင် တစ်နေ့တည်း၌ မီးလောင်၍ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ် ၂ လုံး ပျက်စီး Reviewed by THITHTOOLWIN on 22:59 Rating: 5
Powered by Blogger.