တရုတ်ပြည် ကုန်ထုတ်လုပ်မှု ကျဆင်း

တရုတ်နိုင်ငံကားထုတ်စက်ရုံတစ်ခုအတွင်းအလုပ်လုပ်နေတဲ့အလုပ်သမားများ။ (Photo - Reuters)
တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲနောက်ပိုင်း ပြည်တွင်း ကုန်ထုတ်မှုကဏ္ဍမှာ ကျဆင်းလာတယ်လို့ ဒီနေ့ ထုတ်ပြန်တဲ့ အစိုးရရဲ့ တရားဝင် ထုတ်ပြန်မှုစာရင်းမှာ ဖေါ်ပြပါတယ်။

ထုတ်ကုန်ဝယ်လိုအားရည်ညွှန်းကိန်း PMI ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ နိုဝင်ဘာလက ၅ဝ ရှိခဲ့ရာက အခုလမှာ ၄၉.၄ ကိုကျဆင်းလာတယ်လို့ အမျိုးသားစာရင်းအင်းဗြူရို NBS ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဒါဟာ ၂နှစ်အတွင်း အနိမ့်ဆုံးအခြေအနေဖြစ်ပါတယ်။

NBS အဆိုအရ တချို့သောကုန်ထုတ်လုပ်ငန်းတွေဟာ ထုတ်လုပ်မှုရပ်ဆိုင်းဖို့ အခြေအနေကို ရောက်ရှိလာနေသလို၊ ဈေးကွက်အပေါ်မှာထားရှိတဲ့ မျှော်လင့်ချက်အပေါ်မှာလည်း သတိထားနေကြတယ်လို့ ဆိုပါတယ်။

တရုတ်ဘက်က အမေရိကန်ဆန်တွေပြန်ဝယ်ဖို့ သောကြာနေ့က သဘောတူလိုက်သလို၊ အမေရိကန်ကားတွေနဲ့ အပိုပစ္စည်းအပေါ် အခွန်တိုးကောက်ဖို့ အစီအစဉ်ကိုလည်း ဆိုင်းငံ့လိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
တရုတ်ပြည် ကုန်ထုတ်လုပ်မှု ကျဆင်း တရုတ်ပြည် ကုန်ထုတ်လုပ်မှု ကျဆင်း Reviewed by THITHTOOLWIN on 22:57 Rating: 5
Powered by Blogger.