မြိတ်-ရန်ကုန် ပြေးဆွဲသည့် မန္တလာမင်းခရီးသည်တင်ကား ယာဉ်တိုက်မှုဖြစ်ပွား၊ ယာဉ်မယ် ၁ ဦးသေဆုံး


5.12.2018

မြိတ် မှ ရန်ကုန်သို့ပြေးဆွဲနေသည့် မန္တလာမင်းခရီးသည်တင်ယာဉ်သည် ဒီဇင်ဘာလ ၅ ရက်နေ့၊ နံနက် ၄ နာရီခန့်က လမ်းပြောင်းပြန်ရပ်နားထားသည့် ယာဉ်အားဝင်တိုက်မိကြောင်း သိရပါတယ်။

မြိတ်မြို့မှ ရန်ကုန်သို့ထွက်ခွာသည့် မန္တလာမင်းခရီးသည်တင်ယာဉ်သည် ရေး-မော်လမြိုင် လမ်းအပိုင်း မိုင်တိုင်အမှတ် ၉၂ နှင့် ၉၃ အကြား အရောက်မှာ လမ်းဘေးမှာ လမ်းပြောင်းပြန်ရပ်နားထားတဲ့ သစ်တင်ကားအား ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်အား သက်ဆိုင်ရာကားဂိတ်(ရန်ကုန်)သို့ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူက ၄င်းမှ အတိအကျမသိရှိသေးကြောင်း ပြန်လည်ဖြေကြား ခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မယ် တစ်ဦးသေဆုံးပြီး ခရီးသည်များ ကြီးမားသည့် ဒဏ်ရာမရရှိကြောင်း Aung naing Win fb page တွင် ဖေါ်ပြထားပါတယ်။

မြတ်ထွဋ် (မြိတ်)
Myat Htut - Myeik
မြိတ်-ရန်ကုန် ပြေးဆွဲသည့် မန္တလာမင်းခရီးသည်တင်ကား ယာဉ်တိုက်မှုဖြစ်ပွား၊ ယာဉ်မယ် ၁ ဦးသေဆုံး မြိတ်-ရန်ကုန် ပြေးဆွဲသည့် မန္တလာမင်းခရီးသည်တင်ကား ယာဉ်တိုက်မှုဖြစ်ပွား၊ ယာဉ်မယ် ၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 11:54 Rating: 5
Powered by Blogger.