လမ်းဘေးရပ်ထားသည့်ယာဉ်ကို လူနာတင်ယာဉ် ၀င်တိုက်။ (၄)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရ


မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် (၃၈၉ မိုင်/၁-၂ဖာလုံ) ကြားမှာ ဒီဇင်ဘာ(၂၄)ရက် မနက်(၅)နာရီခွဲက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး (၄)ယောက်သေဆုံးကာ (၂)ယောက်ဒဏ်ရာရခဲ့တယ်လို့ မြစ်သားမြို့မ ရဲစခန်းကသိရပါတယ်။

 ဖြစ်စဉ်မှာ ရန်ကုန်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ လူနာတင်ယာဉ်ဟာ ဘီးပေါက်ပြီး လမ်းဘေးမှာရပ်ထားတဲ့ ယာဉ်ကိုဝင်တိုက်မိခဲ့တာပါ။

 အဲဒီယာဉ်တိုက်မှုကြောင့် လူနာတင်ယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ယာဉ်မောင်းအပါအ၀င် (၄)ယောက်သေဆုံးခဲ့ပြီး (၂)ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြစ်သားမြို့မရဲစခန်းက ယာဉ်(ပ)၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ၃၀၄-က/၃၃၈နဲ့ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

သတင်း - ဖြိုးကိုလင်း(ညောင်ဝိုင်း)
One News Myanmar
https://www.facebook.com/onenewsmyan
လမ်းဘေးရပ်ထားသည့်ယာဉ်ကို လူနာတင်ယာဉ် ၀င်တိုက်။ (၄)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရ လမ်းဘေးရပ်ထားသည့်ယာဉ်ကို လူနာတင်ယာဉ် ၀င်တိုက်။ (၄)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 12:37 Rating: 5
Powered by Blogger.