ထွေအုပ်ဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်ကို ဒီဇင်ဘာ ၂၈ရက်ကစပြီး တရားဝင်ပြောင်းရွှေ့

ဓါတ်ပုံ - ဖေ့ဘွတ် လူမှုကွန်ယက်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာနရဲ့စီမံမှုအောက်ကို ဒီဇင်ဘာ ၂၈ရက်ကစပြီးတရားဝင်ပြောင်းရွှေ့လိုက်တဲ့အကြောင်း ကြေညာစာကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသူရဲ့လက်မှတ်နဲ့အတူ တရားဝင်စာထုတ်လိုက်ပြီဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်သမ္မတအနေနဲ့ ဝန်ကြီးဌာနတွေ ဖွဲ့စည်းနိုင်သလို ဝန်ကြီးဌာနအောက်မှာရှိတဲ့ ဦးစီးဌာနတွေကိုလည်း ပြောင်းရွှေ့ခွင့် ရှိပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာနဟာ NLD အစိုးရလက်ထက်ကျမှ ဖွဲ့စည်းခဲ့တဲ့ ဝန်ကြီးဌာနဖြစ်ပြီး မကြာသေးခင်ကမှပဲ အငြိမ်းစားတပ်မတော်အရာရှိဟောင်း ဦးမင်းသူကို ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ တွေရဲ့ အတွင်းရေးမှူးတွေအဖြစ် အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ယူထားတာဖြစ်ပြီး ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေထဲမှာ ကျေးလက်အထိပါဖြန့်ကျက်ထားနိုင်တဲ့ အကြီးမားဆုံးအဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese
ထွေအုပ်ဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်ကို ဒီဇင်ဘာ ၂၈ရက်ကစပြီး တရားဝင်ပြောင်းရွှေ့ ထွေအုပ်ဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်ကို ဒီဇင်ဘာ ၂၈ရက်ကစပြီး တရားဝင်ပြောင်းရွှေ့ Reviewed by THITHTOOLWIN on 09:58 Rating: 5
Powered by Blogger.