စမုံဘူတာအနီး ရထားလမ်းတွင် အမျိုးသားတစ်ဦး ရထားတိုက် သေဆုံး


ဝမ်းတွင်းမြို့နယ် ရွှေတောင်နယ်မြေရဲစခန်းအပိုင် စမုံဘူတာအနီး ရထားလမ်းမှာ ဒီဇင်ဘာ(၁၉)ရက်က အမျိုးသားတစ်ဦး ရထားတိုက် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရတယ်။

 ဒီဇင်ဘာ(၁၉)ရက် ညနေ(၅)နာရီကျော်က မန္တလေးကနေ ရန်ကုန်ကိုမောင်းနှင်လာတဲ့ အမှတ် (၆)အစုန်ရထားဟာ စမုံဘူတာအနီးမှာ အသက်(၃၃)နှစ် အရွယ် အမျိုးသားတစ်ဦး (စုံစမ်းဆဲ)ကို ရထားနဲ့ မျက်နှာခြင်းဆိုင် တိုက်မိခဲ့ပါတယ်။

 ရထားတိုက်ခံရတဲ့ သေဆုံးသူကို ဝမ်းတွင်းဆေးရုံ ကို ပို့ဆောင်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရတယ်။ အဲဒီအမည်မသိ အမျိုးသားသေဆုံးမှုကို ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်၊မဟုတ် စစ်ဆေးနိုင်ဖို့ ရွှေနောင်နယ်မြေရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၁၀/၂၀၁၈)နဲ့ အမှုဖွင့်ထားကြောင်း သိရပါတယ်။

သတင်း၊ဓါတ်ပုံ - ဘိုဘို(မလှိုင်)
One News Myanmar
https://www.facebook.com/onenewsmyan
စမုံဘူတာအနီး ရထားလမ်းတွင် အမျိုးသားတစ်ဦး ရထားတိုက် သေဆုံး စမုံဘူတာအနီး ရထားလမ်းတွင် အမျိုးသားတစ်ဦး ရထားတိုက် သေဆုံး Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.