မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသည့် MRCCI အထွေထွေအတွင်းရေးမှူးနေရာလစ်လပ်မှု တာဝန်ပေးအပ်ရန် မဲပေးရွေးချယ်မည်


မန္တလေး-၁၉ နိုဝင်ဘာ

မူးယစ်ဆေးဝါးမှုဖြင့်ဖမ်းဆီးခံရသည့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအထွေထွေရေးမှူးနေရာ လစ်လပ်နေမှုအား တာဝန်ပေးအပ်ရန် ဒီဇင်ဘာလ ၁၂ တွင် ဒီမိုကရေစီကျကျ မဲပေးရွေးချယ်မည်ဖြစ်ကြောင်း အဆိုပါအသင်းမှသိရသည်။

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမောင်မောင်၏ဆေးခန်းတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုဖြင့် အခုလ ၁၅ ရက်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ သက်ဆိုင်ရာက အရေးယူထားကြောင်းသိရသည်။

'ပြန်ရွေးချယ်တာမဟုတ်ပါဘူး ။တာဝန်လစ်လပ်သူနေရာမှာ တာဝန်ပေးအပ်တာပါ။ လောလောဆယ် အတွင်းရေးမှူးနေအထားက အမှုလည်းတည်ဆောက်စဲကာလ ဆိုတော့ အသင်းရဲ့ကွန်စတီကျူးရှင်းရှိ တယ်လေ။ အသင်းဖွဲ့စည်းပုံ စည်းမျဉ်းမှာက အသင်းသားတစ်ယောက်ကို လူမွဲစာရင်းခံယူခြင်းဖြစ်စေ ၊ ရူးနှမ်းခြင်းဖြစ်စေ ၊ သာသနာ့ဘောင်ကို အပြီးတိုင်ဝင်ရောက်ခြင်းဖြစ်စေ အဲလိုဆိုရင် အသင်းကနေထွက်ခွာခွင့်လုပ်ပေးရတယ်။ ခုဟာက တာဝန်ကို အီးစီ ၊ စီအီးစီအစည်းအဝေးကနေ တာဝန်လွဲအပ်တာ။ ရှေ့လ ၁၂ ရက်မှာ တွဲဖက် ၅ ယောက် က အထွေထွေအတွင်းရေးမှူး တာဝန်လုပ်ချင်တယ်ဆိုရင် ကိုယ်တိုင် အဆိုပြုပြီး အဲနေ့ကျရင် ဗဟိုအလုပ်အမှုဆောင် ၄၁ ဦးက ဝိုင်းရွေးပေးရမှာ ဒီမိုကရေစီနည်းကျကျ လုပ်မယ်'ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်မင်းက ပြောသည်။

အသင်းဖွဲ့စည်းပုံစည်းမျဉ်းတွင် အသင်းနှင့်ပတ်သက်ပြီးလိမ်လည်ခြင်းများ ပြုလုပ်ပါက အသင်းသူအသင်းသားတွေကို အစည်းအဝေးခေါ်ပြီး၊၇၅ ရာခိုင်နှုန်းက ထောက်ခံပါက အသင်းမှထုတ်ပယ်ခြင်းပြုလုပ်နိုင်ကြောင်းသိရသည်။

'အသင်းကိုလိမ်လည်တယ်ဆိုရင် အသင်းသူသားတွေကိုအစည်းအဝေးခေါ်ရတယ်။ ၇၅ ရာခိုင်နှုန်းက တောင်းဆိုချက်ချင်းထုတ်လို့ရတယ်။ အခုဟာက သူတို့ကိစ္စဖြစ်နေတယ်။ လုပ်ငန်းသုံးတွေကို ဆေးရုံမှာ သတ်မှတ်ချက်ထက်များတာ ၊ မများတာဆိုတာ နားမလည်တော့ ပြောရခက်တယ်။ အသင်းသားတစ်ယောက်အနေဲ့ပဲကြည့်ပေးရတယ်'ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်မင်းက ပြောသည်။

ဖြစ်စဉ်မှာ အခုလ ၁၅ ရက်က ချမ်းအေးသာစံမြို့နယ် ၊ လမ်း ၈၀ ၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ဒေါက်တာမောင်မောင်၏ ဆေးခန်းအတွင်းမှ SUDUXEN စာတမ်းပါ ဖြူ/နီရောင်စက္ကူဘူး ၄၉၀ ဘူးဖြင့်ထည့်လျက် SEDUXEN တံဆိပ် Diazepam 10 mg ပါ 2ml ထိုးဆေးပုလင်း ၄,၉၄၀ လုံး၊ Tramadol ဆေးတောင့် ၄၀၀ တောင့်၊ Alprazolan ဆေးပြား ၁,၂၁၅ ပြား၊ Tramadol ထိုးဆေး ၁၉၀ လုံး၊ Diazepam ဆေးပြား ၉၆၀ ပြား၊ SUDUXEN စာတမ်းပါ ဖြူ/နီ ရောင်စက္ကူဘူးခွံ ၂၀၅ ဘူးတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသည့် MRCCI အထွေထွေအတွင်းရေးမှူးနေရာလစ်လပ်မှု တာဝန်ပေးအပ်ရန် မဲပေးရွေးချယ်မည် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသည့် MRCCI အထွေထွေအတွင်းရေးမှူးနေရာလစ်လပ်မှု တာဝန်ပေးအပ်ရန် မဲပေးရွေးချယ်မည် Reviewed by THITHTOOLWIN on 22:32 Rating: 5
Powered by Blogger.