အမြန်လမ်းမကြီးတွင် ကာရံထားသည့် Guard Rail တန်းများအား ဝင်ရောက်တိုက်မိပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ


နေပြည်တော် ၆ နိုဝင်ဘာ

ယနေ့ နံနက် ၅ နာရီ ၅၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၇၀/၀-၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်းအကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီး မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

 ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ် ကျေးရွာနေ ဦးသန်းဦး(၄၈)နှစ် မောင်းနှင်လာသော 3H/×××× VIGO အဖြူရောင်ယာဉ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသည့် Guard Rail တန်းအား ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ တစ်ရွာတည်းနေ ဦးလှဝင်း(၅၇) နှစ်တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး မသန္တာဝင်း(၃၉)နှစ်ပါ(၃)ဦး တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဦးသန်းဦး အား သာဂရအမြန်လမ်းမကြီးရဲစခန်း မှ အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
အမြန်လမ်းမကြီးတွင် ကာရံထားသည့် Guard Rail တန်းများအား ဝင်ရောက်တိုက်မိပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ အမြန်လမ်းမကြီးတွင် ကာရံထားသည့် Guard Rail တန်းများအား ဝင်ရောက်တိုက်မိပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 23:59 Rating: 5
Powered by Blogger.