ကျောက်ဆည် GTI ကျောင်းသားအား ဓါးဖြင့်ထိုးသတ်ခဲ့သူကို သေဒဏ်ချမှတ်


မန္တလေး -၁၉ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ရှိ အစိုးရ စက်မှု လက်မှု သိပ္ပံ(GTI) နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးအား ဓါးဖြင့်ထိုးသတ်ခဲ့သူကို ကျောက်ဆည်ခရိုင် တရားရုံးက သေဒဏ်ချမှတ်ခဲ့ကြောင်း အဆိုပါအမှုကိုလိုက်ပါဆောင်ရွက်နေသူ ကိုစိုးသီဟထံမှ သိရသည်။

အစိုးရ စက်မှု လက်မှု သိပ္ပံ(GTI) နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးအား ဓါးဖြင့် ထိုးသတ်ခဲ့သည့် တရားခံ ​အောင်​သူဟိန်းအား​ သေဒဏ်​ချမှတ်​ခဲ့ပြီး၊ ကျူးလွန်​ရာတွင်​ပါဝင်​သူနှစ်​ဦးဖြစ်​​သည့် အလီဘိုင်​(ခ)မင်းခန့်​​ကျော်​အား ထောင်​ဒဏ်​ (၂၁) နှစ်​ နှင့် မင်းချစ်​​အောင်​(ခ)ဖိုးချစ်​အား ​ထောင်​ဒဏ်​ (၂၀) နှစ် ချမှတ်ခဲ့သည်။

"ဒီအမှုက ကျောက်ဆည်မှာတော့ ဆိုးဝါးအရက်စက်ဆုံး ရာဇဝတ်မှုပါ။ မြို့လူထုကရော တစ်နိုင်ငံလုံးကပါ ပြင်းထန်စွာအမိန့်ချဖို့ တောင်းဆိုခဲ့ ကြတာအမှန်ပဲလေ။ သူတို့ကို သေပါစေဆိုပြီး တောင်းဆိုကြတာမဟုတ်ဘူး။ တရားဥပဒေမှာ ဒီလိုကျူးလွန်ရင် ဒီလိုပြစ်ဒဏ်တွေချမှတ်တယ်ဆိုတာ သိစေချင်တာပါ''ဟု အဆိုပါအမှုကိုလိုက်ပါဆောင်ရွက်နေသူ ကိုစိုးသီဟက ပြောသည်။

သြဂုတ်လ ၂၉ ရက်ည ၉ နာရီခန့်က ကျာက်ဆည်မြို့ ပြည်လုံးနိုင်ရပ်ကွက် ရန်ကုန် - မန္တလေးလမ်း ဘေးတွင် အလီဘိုင် (ခ) မင်းခန့်ကျော် ၊ အောင်သူဟိန်း နှင့် မင်းချစ်အောင် တို့ က သန့်ဇင်မင်း နှင့် နေမင်းထက် တို့အား ဝိုင်းဝန်းထိုးကြိတ်ပြီး နေမင်းထက် အား ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကာ ကျောက်ဆည်ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားကြောင်း သိရသည် ။

ထိုသို့ ဝိုင်းဝန်းထိုးကြိတ်သည့်အတွက် သန့်ဇင်မင်း က ဝင်ရောက်တားဆီးရာ အမည်မသိ လူ (၃) ဦး က သန့်ဇင်မင်း နှင့် နေမင်းထက် တို့အား ခြေထောက်များဖြင့် ကန်ကြောက် ထိုးကြိတ်ပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့သည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အလီဘိုင် (ခ) မင်းခန့်ကျော် (၂၁) နှစ် ၊ အောင်သူဟိန်း (၂၀) နှစ် နှင့် မင်းချစ်အောင် (၁၉) နှစ်တို့အား ဖမ်းဆီး၍ အလီဘိုင်​(ခ)မင်းခန့်​​ကျော်​အား ရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၃၀၂(၁)(ဂ)/၁၁၄၊ ၃၂၃ အရ လည်း​ကောင်း၊ ​အောင်​သူဟိန်းအား ရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၃၀၂(၁)(ဂ)အရလည်း​ကောင်း၊ မင်းချစ်​​အောင်​(ခ)ဖိုးချစ်​အား ရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၃၀၂(၁)(ဂ)/၁၁၄ အရလည်း​ကောင်း အသီးသီး စွဲချက်​တင်​ခဲ့ခြင်းဖြစ်သည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ကျောက်ဆည် GTI ကျောင်းသားအား ဓါးဖြင့်ထိုးသတ်ခဲ့သူကို သေဒဏ်ချမှတ် ကျောက်ဆည် GTI ကျောင်းသားအား ဓါးဖြင့်ထိုးသတ်ခဲ့သူကို သေဒဏ်ချမှတ် Reviewed by THITHTOOLWIN on 22:30 Rating: 5
Powered by Blogger.