အမုန်းတရားဖြန့်ဝေမှုတွေအပေါ် တားမြစ်ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ကြောင်း Facebook ကုမ္ပဏီပြော

Facebook Login စာမျက်နှာကို တွေ့ရစဉ်

မြန်မာနိုင်ငံမှာ Facebook ကို အသုံးချပြီး အသက်အန္တရာယ်ဖြစ်စေတဲ့အထိ အကြမ်းဖက်မှုတွေဖြစ်စေခဲ့တဲ့ အမုန်းတရား ဖြန့်ဝေ ပြောဆိုကြတာတွေကို အမြဲတမ်းလုံလောက်အောင် တားမြစ်၊ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ကြောင်း Facebook ကုမ္ပဏီက မနေ့က ဝန်ခံလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဆစ္စကို အခြေစိုက် BSR အဖွဲ့ကို လေ့လာသုတေသနပြုစေပြီး ထုတ်ပြန်ခဲ့တဲ့ “မြန်မာနိုင်ငံက Facebook အသုံးပြုမှုနဲ့ လူ့အခွင့်အရေး အကျိုးသက်ရောက်မှုများ” အစီရင်ခံစာမှာ အခုလို တွေ့ရှိခဲ့တာဖြစ်ကြောင်း၊ ဒီအစီရင်ခံစာအရ ကုမ္ပဏီအနေနဲ့ ဒီလူမှုကွန်ယက်ကို အသုံးချပြီး အပြင်မှာ အကြမ်းဖက်မှုတွေရှိလာအောင် လှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေကို တားမြစ်နိုင်ခြင်း မရှိတာတွေ့ရကြောင်း Facebook မူဝါဒရေးရာမန်နေဂျာ “အဲလက်စ် ဝါရိုဖ်ကာ”က မနေ့က ပြောပါတယ်။

မြန်မာနိုင်ငံက လူမှုရေးဘာသာရေး အကြမ်းဖက်မှုတွေနဲ့ ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်း အခုနှစ်မတ်လက ကုလသမဂ္ဂ လူ့အခွင့်အရေးကျွမ်းကျင်သူတွေက ထောက်ပြခဲ့အပြီး ဒီလို ကုမ္ပဏီက ကမကထပြုလေ့လာတဲ့ အစီအရင်ခံစာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
အမုန်းတရားဖြန့်ဝေမှုတွေအပေါ် တားမြစ်ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ကြောင်း Facebook ကုမ္ပဏီပြော အမုန်းတရားဖြန့်ဝေမှုတွေအပေါ် တားမြစ်ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ကြောင်း Facebook ကုမ္ပဏီပြော Reviewed by THITHTOOLWIN on 19:45 Rating: 5
Powered by Blogger.