ချောင်းဆုံမြို့နယ် တောင်စွန်းကျေးရွာအုပ်စု မုနိုင်းကျေးရွာ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်


ချောင်းဆုံ နိုဝင်ဘာ ၇

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် တောင်စွန်းကျေးရွာ အုပ်စု မုနိုင်းကျေးရွာတွင် ယနေ့ ည(၈း၀၀) ခန့်က ရပ်ကွက်အမှတ်(၁၂)နေ ဦးကြည်လွင်(ဘ)ဦးတင်အေး၏အောက်ထပ်အုတ်ပတ်ကား အပေါ်ထပ်ပျဉ်ထောင်နေအိမ် အပေါ်ထပ်တွင် မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ချောင်းဆုံမီးသတ်စခန်းမှ ဒု ဦးစီးမှူး ဦးမျိုးဇော်ဦးမီးသတ်ကား (၁)စီးနှင့်တပ်ဖွဲ့ဝင်များ၊ မုဒွန်းမီးသတ်စခန်းမှ မီးသတ်ကား (၂)စီး နှင့် တပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့များ သွားရောက်ပြီး စုပေါင်း မီးငြိမ်းသတ်ခြင်းကြောင့် ည (၈း၄၀)နာရီ အချိန်တွင် မီးငြိမ်း သတ်နိုင်ခဲ့ကြောင်း နှင့် မီးလောင် မှုဖြစ်ပွားရခြင်း နှင့် ပျက်စီး ဆုံးရှုံးမှုများကို စုံစမ်းရှာဖွေစစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ချောင်းဆုံမြို့နယ် တောင်စွန်းကျေးရွာအုပ်စု မုနိုင်းကျေးရွာ နေအိမ်တစ်လုံးမီးလောင်မှုဖြစ် ချောင်းဆုံမြို့နယ် တောင်စွန်းကျေးရွာအုပ်စု မုနိုင်းကျေးရွာ နေအိမ်တစ်လုံးမီးလောင်မှုဖြစ် Reviewed by THITHTOOLWIN on 21:43 Rating: 5
Powered by Blogger.