ကြံခင်းမြို့နယ် ပုဂ္ဂလိကပိုင်ရေနံချက်ဖိုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား


ကြံခင်း နိုဝင်ဘာ ၈

ကြံခင်းမြို့နယ် ကွမ်းအစ်ကုန်းကျေးရွာအုပ်စု ပုသိမ်မုံရွာကားလမ်း ဘေး မိုင်တိုင်အမှတ် (၁၃၀/၇) အနီးရှိဟင်္သာတမြို့နယ်၊ ဓမ္ဘီကျေးရွာ နေသူဦးအောင်ကျော်ဦးပိုင်ရေနံချက်ဖို၌ နိုဝင်ဘာလ(၈)ရက်နေ့၊ နံနက်(၅း၄၀)နာရီအချိန်တွင်ဖိုတာဝန်ခံဦးအုန်းမြင့်(ပါ)၃ဦးတို့ရေနံစိမ်းများ ကျိုချက်စဉ်၊အိုးယိုစိမ့်မှုကြောင့်ဖိုအောက်ဖက်ရှိလောင်စာတောင့်နှင့်ရေနံချိုးများ ပေါ်သို့ရေနံစိမ်းများကျရောက်ကာ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကြံခင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ဘက်ရဲနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ရေနံချက်ဖိုအလုပ်သမားများက မီးသတ်ယဉ်(၂)စီးဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ရာ(၀၆း၃၅)နာရီတွင်မီးငြိမ်းသွားခဲ့ပါသည်။

ယင်းမွးလောင်ကျွမ်းမှု့ကြောင့်ပေ(၂၀)ပတ်လည်ရှိ သွပ်မိုး၊ သံထည်အဆောက်အအုံ(၁)လုံး၊ပျက်စီးဆုံးရှုံးသွားပြီး၊ပတ်ဝန်းကျင်အဆောက်အဦးများမီးကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်းနှင့် လူ၊တိရိစ္ဆာန်ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်းသိရှိရသည်။

မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ရေနံချက်ဖိုတာဝန်ခံဦးမျိုးဝင်းထွန်း (၃၉)နှစ်အား ကွမ်းအစ်ကုန်းအုပ်စုအုပ်ချုပ်ရေးမှုးဦးအေးမင်းထွန်းမှတရားလိုပြုလုပ်၍ ဘက်ရဲနယ်မြေရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ထားကြောင်းသိရှိရသည်။

ဌေးမင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကြံခင်းမြို့နယ် ပုဂ္ဂလိကပိုင်ရေနံချက်ဖိုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား ကြံခင်းမြို့နယ် ပုဂ္ဂလိကပိုင်ရေနံချက်ဖိုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.