စစ်ကိုင်းမြို့ စစ်ကိုင်း-၀ါးချက်ကားလမ်းဘေး၊ဧရာဝတီမြစ်ကမ်းတွင် ရေအောက်နစ်မြှုပ်နေသည့် ကားတစ်စီးတွေ့ရှိ

စစ်ကိုင်းမြို့ စစ်ကိုင်း-၀ါးချက်ကားလမ်းဘေး၊ဧရာဝတီမြစ်ကမ်းတွင် ရေအောက်နစ်မြှုပ်နေသည့် ကားတစ်စီးတွေ့ရှိ


နိုဝင်ဘာ ၇ ။

စစ်ကိုင်းမြို့ ၊၀ါးချက်ကျေးရွာ ၊စစ်ကိုင်း-၀ါးချက်ကားလမ်းဘေး ၊ဧရာဝ တီမြစ်ဆိပ်ကမ်းတွင် ရေကျချိန်ဖြစ်၍ မြစ်ရေတင်စက်ရွှေ့ပြောင်းရန် နိုဝင်ဘာ ၇ ရက်၊မွန်းလွဲ ၁နာရီခန့်က ဆွမ်းဦးပုညရှင် ဂေါပက အဖွဲ့ ဥက္ကဌနှင့် အလုပ်သမားများက မြစ်ရေထဲတွင် လုပ်ငန်း လုပ်ဆောင် စဉ် ရေအောက် နစ်မြုပ်နေသည့် ကားတစ်စီးအား တွေ့ရှိဆယ်ယူခဲ့ေ ကြာင်း စစ်ကိုင်းရဲကင်းသိရသည်။

စစ်ကိုင်းတောင်၊ဆွမ်းဦးပုညရှင်ဘုရားသို့ ဧရာဝတီမြစ်ရေကို စက်ဖြင့် တင်ဆောင်အသုံးပြုလျက်ရှိရာ ရေကျချိန် ကာလဖြစ်၍ မြစ်ရေတင် စက်မှာ ရေနှင့် အလှမ်းကွားဝေးနေသဖြင့် နီးစေရန် ဂေါပကဥက္ကဌ နှင့် အလုပ်သမားများက လုပ်ငန်းဆောင်ရွက်ရာမှ ရေအောက်တွင် နစ်မြုပ်နေသည့် အရာဝတ္တုတစ်ခုကို စမ်းသပ်မိပြီး ဆယ်ယူ ရေးလုပ်ဆောင်ခဲ့ရာ လူမှုကူညီရေးအသင်းကာြး ဖစ်နေကြောင်း သိရသည်။

အဆိုပါကားကို ကားလမ်းဘေး၊မြစ်ကမ်းစပ်မှ ကိုက် ၁၀၀ ခန်း အကွာ၊ရေအနက် ၅ ပေခန့်တွင် တွေ့ရှိ ခဲ့ပြီး ကားဘေးဘော်ဒီ တွင်ကျန်းမာရေးစောင့်ရှောက်ယာဉ်၊ ၀က်တိုးကျေးရွာဟု စာတမ်း ရေး ထိုးထား ကြောင်း ၊ ရေကြောင်း ရဲတပ်ဖွဲ့အမှတ် ၁၅၂ မှ ဒုရဲမှူး မျိုးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ရေငုပ်ကျွမ်းကျင် သူများဖြင့် ဆယ်ယူ ခဲ့ကြောင်း စစ်ကိုင်းရဲကင်းစခန်းမှ စုံစမ်းသိရှိရသည်။

Mandalay News
https://www.facebook.com/pg/lin.aung.777/posts/?ref=notif
စစ်ကိုင်းမြို့ စစ်ကိုင်း-၀ါးချက်ကားလမ်းဘေး၊ဧရာဝတီမြစ်ကမ်းတွင် ရေအောက်နစ်မြှုပ်နေသည့် ကားတစ်စီးတွေ့ရှိ စစ်ကိုင်းမြို့ စစ်ကိုင်း-၀ါးချက်ကားလမ်းဘေး၊ဧရာဝတီမြစ်ကမ်းတွင် ရေအောက်နစ်မြှုပ်နေသည့် ကားတစ်စီးတွေ့ရှိ Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.