အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဘတ်စ်ကားတစ်စီး တံတားအောက်ထိုးကျမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၂ ဦးသေဆုံး

တံတားအောက်ထိုးကျနေသည့် ဘတ်စ်ကားတစ်စီးအား တွေ့ရစဉ် (ဓါတ်ပုံ - အင်တာနက်)
နယူးဒေလီ ၊ နိုဝင်ဘာ၂၁ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ Odishaပြည်နယ်တွင် နိုဝင်ဘာ ၂၀ ရက်နေ့ ညပိုင်းက ဘတ်စ်ကားတစ်စီး တံတားအောက်ထိုးကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး လူ ၄၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယ သတင်းမီဒီယာများ ဖော်ပြချက်များအရသိရသည်။

လူ  ၅၀ ကျော်တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးသည် Odishaပြည်နယ် ဒေသရှိ တံတား တစ်စင်းကို ဖြတ်သန်းမောင်းနှင်စဉ်  လမ်းပေါ်ရှိ ကျွဲနွားများကို ရှောင်ရာမှ အရှိန်မထိန်းနိုင်ဘဲ တံတား အောက်သို့ ထိုးကျသွားခြင်းဖြစ်ကြောင်း ၊ လက်ရှိတွင် သေဆုံးသူ ၁၂ ဦးရှိပြီဖြစ်ကြောင်း ၊ ဒဏ်ရာရသူ များကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း ၊ လူအချို့မှာ ဒဏ်ရာပြင်းထန်သော ကြောင့် သေဆုံးသူဦးရေ တိုးလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

ဝန်ပိုတင်ခြင်း၊လမ်းအခြေအနေဆိုးဝါးခြင်းနှင့် စည်းကမ်းမဲ့မောင်းနှင်ခြင်းများကြောင့် အိန္ဒိယတွင် ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားလျက်ရှိသည်။ အိန္ဒိယတွင် နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁သိန်း ၅သောင်းရှိကြောင်း စာရင်းများအရသိရသည်။ 

(Xinhua)
http://www.xinhuamyanmar.com
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဘတ်စ်ကားတစ်စီး တံတားအောက်ထိုးကျမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၂ ဦးသေဆုံး  အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ဘတ်စ်ကားတစ်စီး တံတားအောက်ထိုးကျမှုဖြစ်ပွားရာ အနည်းဆုံး လူ ၁၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.